ဂျပန်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လမ်းဖွင့်ထားတယ်လို့ မြောက်ကိုရီးယား ပြော
ပြုံယမ်း ၊ ဖေဖော်ဝါရီ ၁၇ ဂျပန်နဲ့ဆက်ဆံရေးတိုးတက်အောင်ဆောင်ရွက်ဖို့ အတားအဆီးမရှိဘူးလို့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ညီမဖြစ်သူကပြောခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်အနေနဲ့ ပြုံယမ်းကို လာရောက်တဲ့နေ့ရက် ရှိလာနိုင်တယ်လို့ KCNA သတင်းဌာနက ဖော်ပြထားပါတယ်။ ဂျပန်နဲ့ မြောက်ကိုရီးယားတို့ဟာ တရားဝင်သံတမန် ဆက်ဆံရေးမရှိပေမယ့် ကီရှီဒါက ၁၉၇၀ ပြည့်နှစ်တွေနဲ့ ၁၉၈၀ ပြည့်နှစ်တွေကြား ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်အရပ်သားတွေနဲ့ ပတ်သက်တဲ့ ကိစ္စကို ဖြေရှင်းရေး…