ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၁၆

ရုရှားဟာ အာကာသထဲမှာ နျူကလီးယားလက်နက်တွေ ထားရှိဖို့ လုပ်ဆောင်နေပြီး ဂြိုလ်တုတွေကို ပစ်မှတ်ထားဖို့ အသုံးပြုလာနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေး အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။

အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီရဲ့ ရီပတ်ဘလစ်ကန် ဥက္ကဋ္ဌ မိုက်တာနာက ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ အထူးကြေညာချက် တစ်ခုထုတ်ပြန်ပြီး နိုင်ငံတော်လုံခြုံရေး အန္တရာယ်နဲ့ ပတ်သက်ပြီး သတိပေးပြီးနောက် ထောက်လှမ်းရေးသတင်း ထွက်ပေါ်လာတာပါ။

ရုရှားရဲ့ နျူကလီးယားစွမ်းအင်တွေနဲ့ ဆက်စပ်နေတဲ့ နိုင်ငံတော်လုံခြုံရေးအန္တရာယ်နဲ့ ပတ်သက်ပြီး အမေရိကန်အိမ်ဖြူတော် ထောက်လှမ်ရေးကော်မတီ ဥက္ကဋ္ဌက သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒီအန္တရာယ်ကို တုံ့ပြန်ဖို့လိုအပ်တဲ့ လုပ်ရပ်တွေတိုင်းနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ပွင့်ပွင့်လင်းလင်းဆွေးနွေးရေး မိမိအနေနဲ့ တိုက်တွန်းလိုတယ်လို့သူက ပြောပါသေးတယ်။

ရုရှားရဲ့နျူကလီးယားလက်နက်တွေ အာကာသထဲမှာ ထားရှိလိုက်မယ်ဆိုပါက တစ်နာရီအတွင်း အချက်အလက်တွေ ဘီလျံနဲ့ချီထုတ်လွှတ်ပေးနိုင်တဲ့ အမေရိကန် ဂြိုလ်တုတွေအတွက် ကြီးမားတဲ့ အန္တရာယ်ရှိနေတယ်လို့ သိရပါတယ်။

New York Times သတင်းစာကလည်း တစ်နာရီအတွင်းရုရှားက အာကာသအခြေစိုက် ဂြိုလ်တုဖျက် နျူကလီးယားလက်နက်ထားရှိရေး စီစဉ်နေတယ်လို့ အစောပိုင်းမှာဖော်ပြထားပါတယ်။

မကြာသေးခင်နှစ်တွေကလည်း တရုတ်နဲ့ရုရှားတို့ဟာ ဂြိုလ်တုတွေကို အသက်မဝင်အောင် လုပ်ဆောင်ရေး၊အချက်အလက်တွေ ကြားဖြတ်ရယူနိုင်ရေး၊ပစ်ချရှင်းလင်းရေး၊စက်ရုပ် လက်တံတွေနဲ့ ဂြိုလ်တုတွေကို ထိန်းချုပ်ရေး နည်းလမ်းအသစ်တွေရှာဖွေခဲ့ကတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

အမေရိကန်ကတော့ အဲဒီလိုအာကာသထဲမှာ အန္တရာယ်တွေပိုများလာတာကြောင့် ၂၀၁၉ ခုနှစ် ထဲက အာကာသတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့ သိရပြီး အဲဒီတပ်ဖွဲ့ဟာ အန္တရာယ်တွေကို ရှာဖွေဖော်ထုတ် တားဆီးရေးအတွက်ဖြစ်တယ်လို့ သိရပါတယ်။

Ref: Livemint

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.