အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းပြီး တိုက်ခိုက်တော့မယ်လို့ မွန်ပြည်သစ်ပါ တီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။

စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့မှာ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီတဲ့ ပါတီခေါင်းဆောင်တွေ ပါတီဝင်တွေ တပ်ဗိုလ် တပ်မှူး အကြပ်တပ်သားရဲဘော်တွေ မျိုးချစ်ပုဂ္ဂိုလ်တွေ ပါဝင်တယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင်တိုက်ဖျက်ရေး ရှေ့လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင် ရွက်သွားမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)ရဲ့ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်(၁) နိုင်ဗညားလယ်နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်တော့မယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့)က ကြေညာလာတာ တွေ့ရပါတယ်။ ဆိုတော့ ရှေ့ဆက်ဘယ်လိုလုပ်ငန်းစဉ်တွေ ချမှတ်ထားပါသလဲ။

နိုင်ဗညားလယ် – အဓိကရှေ့ဆက်ပြီးတော့ လှုပ်ရှားရမှာက ကြေညာချက်မှာ ထုတ်ပြန်ထားတဲ့ အတိုင်းပေါ့ နော်။ ကျွန်တော်တို့ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီးတော့ အရေးပါတဲ့ဒီအထဲမှာရှိတဲ့ ခေါင်းဆောင် တွေရော၊ တပ်သားတွေပါ ကျွန်တော်တို့ဘက်ကို ဘယ်လောက် ပါဝင်နိုင်မလဲ ဆိုတာကိုတော့ ကျွန်တော်တို့က စည်းရုံးရမှာပေါ့။ စည်းရုံးပြီးတော့ ရသမျှအင်အားနဲ့ ရှိသမျှအင်အားနဲ့ ကျွန်တော်တို့သည် စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ အတွက် တိုက်ပွဲဝင်ရမှာပေါ့။

သံလွင်တိုင်းမ် – စစ်အုပ်စုပြုတ်ကျရေး စစ်ကြေညာမှုမှာ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) အနေနဲ့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။ ဆိုတော့ ဒီအခြေအနေက မွန်ပြည်သစ်ပါတီ နှစ်ခြမ်းကွဲသွားတာ လား။

နိုင်ဗညားလယ် – အခြေအနေ အချိန်အခါကောင်းမှာ ဒီစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် ဒီပါတီ တစ်ခု လုံးအနေနဲ့ ပါဝင်လာနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ တစ်စုံတစ်ခုလုံးပါဝင်ဖို့ အတွက်တော့ မဖြစ်နိုင် သေးတဲ့အပေါ်မှာ ကျွန်တော်တို့နဲ့ ယုံကြည်ချက်တူညီတဲ့ ခေါင်းဆောင်တွေ၊ တပ်ဗိုလ်၊ တပ်မှုးတွေနဲ့ ကျွန် တော်တို့ကတော့ စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့အတွက် သံဓိဋ္ဌာန်ချထားတာပေါ့ဗျာ။

သံလွင်တိုင်းမ် – မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့)အနေနဲ့ စစ်အုပ်စုပြုတ်ကျရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

နိုင်ဗညားလယ် – ဟုတ်ကဲ့။ လောလောဆယ် ယေဘုယျအနေနဲ့တော့ ရှေ့ဆက်ပြောဆိုထားမှုတော့ရှိတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းစဉ် အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာချက်ပြီးတော့မှ ကျွန်တော်တို့ ဆက်လက် ဆွေး နွေးပါမယ်။

သံလွင်တိုင်းမ် – နိုင်ငံအနှံ့ အရေးမလှစစ်ရှုံးနေတဲ့ စစ်အုပ်စုက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက် တဲ့အပေါ်  ဘယ်လိုမြင်ပါသလဲ။

နိုင်ဗညားလယ် – ကျွန်တော့်အမြင်အရ  ပြည်သူ့စစ်မှုထမ်း ဥပဒေသည် ပြည်တွင်းစစ်မရှိတဲ့ တိုင်းပြည်မှာပဲ ကျင့်သုံးသင့်တယ်။ ဒီနေ့ ဒီအချိန်ခါမှာ တိုင်းပြည်ရဲ့အခြေအနေ ကမောက်ကမဖြစ်နေတဲ့အချိန်မှာ ကျင့်သုံး ရင်တော့ အကောင်းဘက်ကို မဦးတည်ပဲနဲ့ ပိုမိုဆိုးရွားတဲ့အခြေအနေတစ်ခုကို ဦးတည်နိုင်တယ်လို့တော့ မြင် တယ်။ တကယ်လို့ စစ်အာဏာရှင်တွေက ဒီဥပဒေကို အတင်းအကျပ်ကျင့်သုံးရင် ကျွန်တော့်အနေနဲ့ တိုက် တွန်းချင်တာက မွန်လူငယ်တွေအနေနဲ့ ဒီစစ်ကောင်စီလက်အောက်မှာ သွားရောက်မထမ်းဆောင်ပဲနဲ့ ဒါကို ငြင်းဆိုပြီးတော့ ကျွန်တော်တို့ အဖွဲ့ကို လာပြီးပူးပေါင်းရင်တော့ ကျွန်တော်တို့အဖွဲ့လည်း အင်အားတွေ တောင့် တင်းလာမယ်။ အင်အားတွေ တောင့်တင်းလာတဲ့အပေါ်မှာ စစ်အာဏာရှင်ကို တိုက်ဖျက်ရင်တော့ မြန်မြန် ပြီး မြောက်နိုင်လိမ့်မယ်လို့တော့မြင်တယ်။ ဒီလူငယ်တွေ ကျွန်တော်တို့ဆီကိုလာပြီးတော့ ဆက်သွယ်ကြဖို့ ၊ ကွန် တော်တို့ အနေနဲ့ ကြိုဆိုပါကြောင်း ပြောချင်ပါတယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး မွန်လူထုကို ဘာတွေများ တိုက်တွန်းချင်တာ ရှိမလဲ။

နိုင်ဗညားလယ် – အခုနေအချိန်ခါဆိုရင်တော့ ဒီစစ်ကောင်စီကို နိုင်ငံတကာကနေပြီးတော့ ဗမာအပါအဝင် တိုင်းရင်းသားပြည်သူတွေ အကုန်လုံးအနေနဲ့ ထောက်ခံမှုမရှိသလောက် ဖြစ်သွားပြီ။ ပြည်တွင်း၊ ပြည်ပ မှာ လည်း နည်းမျိူးစုံနဲ့ တော်လှန်နေတယ်။ ဒီအချိန်ခါက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် အကောင်းဆုံး အချိန်အခါကောင်း ဖြစ်တယ်လို့ ကျွန်တော်မြင်တယ်။ ဒီအချိန်အခါကောင်းကို မွန်ပြည်သူလူထုအနေနဲ့ အမိအရ ဆုပ်ကိုင်ပြီးတော့ ဒီပြည်တွင်း ပြည်ပမှာရှိတဲ့ ရဟန်းသံဃာတော်တွေ၊ မျိူးချစ်ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းအသီး သီးက တာဝန်ရှိသူအနေနဲ့ အထူးသဖြင့် မွန်လူငယ်တွေအနေနဲ့ ဒီမွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင် တိုက်ဖျက် ရေးအင်အား ကျွန်တော်တို့ အစုအဖွဲ့တွေကို ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးပေးဖို့အတွက် မေတ္တာရပ်ခံချင်တယ်။ ဒီကူညီပံ့ပိုးမှုမှာ အဓိကအင်အားအနေနဲ့ လူအင်အားဖြည့်ပေးရင်တော့ ပိုပြီးကောင်းတာပေါ့။ ဒါပေမဲ့ လူအင် အားအနေနဲ့ မတတ်နိုင်တဲ့အခြေအနေမှာဆိုရင်တော့ ရုပ်ဝထ္ထုတွေအနေနဲ့ပဲဖြစ်ဖြစ်၊ စိတ်ဓာတ်ရေးရာအနေနဲ့ ဖြစ်ဖြစ် ဝိုင်းဝန်းပြီးတော့ ဝန်းရံပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.