မြိုင် – ဖေဖော်ဝါရီ ၁၅

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့ တဲ့အတွက် ထိခိုက်သေဆုံးမှုတွေရှိပြီး စစ်လက်နက်ပစ္စည်းတချို့ပါ သိမ်းဆည်းရမိခဲ့တယ်လို့ မြိုင် ပ.က.ဖက သတင်းထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကန်နီရွာကို ရိက္ခာလာပို့တဲ့ စစ်ကြောင်းဟာ သံပုရာခြံရွာ အနောက်ဖျားမှာ ကင်းယူထားစဉ် ကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။

“ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာ ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းကို နားစွင့်ပြီး သတိနဲ့ နေထိုင်ဖို့ အရေးကြီးပါတယ်”လို့ မြိုင် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

တိုက်ပွဲကြာမြင့်ချိန်မိနစ် ၃၀ ဝန်ကျင်ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မြိုင် ပ.က.ဖ တပ်ရင်း၊တပ်စု၊တပ်စိတ်တွေနဲ့ ပခုက္ကူခရိုင် တပ်ရသ်း ၂၊၆၊၇ နဲ့ ၁၇ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဆီက RPG အဖူး ၂ ဖူး၊ RPG ပို့ယမ်း ၁ ခု၊ စစ်ဝတ်တန်ဆာ ၂ခု ပစ္စတိုထည့်အိတ် ၁ ခု၊ MA ကျည်ဘောက် ၁ ခု၊ MA ကျည် ၉၆ တောင့်၊ဓားရှည် ၁ ချောင်း၊ စစ်သုံးကျောပိုးအိတ် ၃ လုံးနဲ့ စစ်သုံးမိုးကာ အင်္ကျီ ၂ ထည်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.