မင်းပြား၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှာ မနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီ စစ်သင်္ဘောတစ်စီးဟာ ရက္ခိုင့်တပ်တော် AA တိုက်ခိုက်မှုကြောင့် ထပ်မံနစ်မြှုပ်ပျက်စီးသွားတယ်လို့ ညီနောင်မ ဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့နဲ့ ၈ ရက်နေ့တို့မှာလည်း စစ်ကောင်စီရဲ့ စစ်ရေယာဉ်အပါအဝင် စစ်သင်္ဘော ၃ စီးကို နစ်မြှုပ်ပျက်စီးသွားတဲ့အထိ အပြီးသတ်ချေမှုန်းတိုက်ခိုက်ထားတာ ဖြစ်ပါတယ်။

စစ်သင်္ဘောတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုအပါအဝင် ထွက်ပြေးလွတ်မြောက်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ညီနောင်မဟာသုံးဖွဲ့က အသိပေးထုတ်ပြန်ထားတာ မရှိပါဘူး။

ရက္ခိုင့်တပ်တော် AA ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့က စတင်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း စစ်ကောင်စီရဲ့ စစ်ရေယာဉ်အပါအဝင်စစ်သင်္ဘော ခုနှစ်စီးကို အပြီးသတ်တိုက်ခိုက်ချေမှုန်းထားတာ ဖြစ်ပါတယ်။

စစ်သင်္ဘောနစ်မြှုပ်ပျက်စီးသွားတဲ့ အခြေအနေနနဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီဘက်ကတစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိပါဘူး။

ရခိုင်ပြည်နယ် စစ်ဆင်ရေးအတွင်း ရက္ခိုင့်တပ်တော် AA ဟာ မြို့ ၅ မြို့ထက်မနည်း အလုံးစုံသိမ်း ပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်စခန်း ရာနဲ့ချီ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.