February 7, 2024

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တော်ဝင်မိသားစုစော်ကားမှုနဲ့ အရေးယူခံရနိုင်

ဘန်ကောက်၊ ဖေဖော်ဝါရီ ၈ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာကို အစိုးရရှေ့နေချုပ်က တော်ဝင်မိသားစုကို စော်ကားတယ်ဆိုတဲ့ စွဲချက်နဲ့ အမှုဖွင့်အရေးယူဖို့ စဉ်းစားနေတယ်လို့ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုနဲ့ ပတ်သက်ပြီး သက်ဆင်ကို တိုင်ကြားထားတာဖြစ်ပြီး သူ့ရဲ့ ညီမဦးဆောင်တဲ့ အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် စစ်အစိုးရက…

ချီလီသမ္မတဟောင်း ဆီဗက်စတီယန် ပင်နဲရာ ရဟတ်ယာဉ်ပျက်ကျပြီးသေဆုံး

ဆန်တီယာဂို၊ ဖေဖော်ဝါရီ ၈ ချီလီ သမ္မတသက်တမ်းနှစ်ကြိမ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဆီဗက်စတီယန် ပင်နဲရာဟာ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အသက် ၇၄ နှစ် အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ နိုင်ငံတောင်ပိုင်း လာဂိုရန်ကိုမြို့မှာရှိတဲ့ ရေကန်တစ်ခုထဲ ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ သူနဲ့အတူလိုက်ပါသွားခဲ့တဲ့ တခြားလူ ၃ ဦးကတော့ အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ပင်နဲရာဟာ သူ့ကိုယ်ပိုင်ရဟတ်ယာဉ်ကို…

သထုံမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ၊ နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီး

သထုံ၊ ဖေဖော်ဝါရီ ၇ မွန်ပြည်နယ် သထုံမြို့နယ် ညာဓဝယ်ကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး ထိမှန်ဒဏ်ရာရပြီး နေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ သထုံအခြေစိုက် အမှတ်(၄၀၂) အမြောက်တပ်ကနေ…

ဇရပ်ကြီးမြို့မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်နေ

ဇရပ်ကြီး၊ ဖေဖော်ဝါရီ ၇ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ဒီနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့ မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ ဇရပ်ကြီးမြို့အခြေစိုက် အမှတ် (၇၃) ခြေလျင်တပ်ရင်းအပါအဝင် တပ်စွဲထားတဲ့နေရာတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA အပါအဝင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။ အဲဒီတိုက်ပွဲအတွင်း…

မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်နှစ်ဦးရဲ့ပုံကို အသုံးချပုံမှားရိုက်ပြီး အလှူမခံဖို့ YDF အသိပေး

ဂန့်ဂေါ – ဖေဖော်ဝါရီ ၇ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာမှာ ပျူစောထီးတွေက PDF နှစ်ဦးကို သံကြိုးတုပ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ ရဲဘော်နှစ်ဦးရဲ့ပုံကို အသုံးချ ပုံမှား ရိုက်ပြီး အလှူမခံကြဖို့ ယောဒေသကာကွယ်ရေးတပ် YDF က သတင်းထုတ်ပြန်ထားပါတယ်။ ယောဒေသကာကွယ်ရေးတပ်မှ ရဲဘော်ဖိုးတေနဲ့ ရဲဘော် သားထောင်တို့ဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က စစ်ကောင်စီတပ်ရဲ့…

ထားဝယ်မြို့နယ်က မယ်ဝေးတောင်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံရ

ထားဝယ်၊ ဖေဖော်ဝါရီ ၇ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ မယ်ဝေးတောင်တပ်စခန်းကုန်းကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗထူးတပ် မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီစခန်းကုန်းဟာ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ခမရ- ၄၀၁ နဲ့ ခမရ-၄၀၂ ကပ်လျှက်ရှိ မယ်ဝေးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စခန်းကုန်းကို ဗထူးတပ်မတော်နဲ့ ထားဝယ်စုပေါင်းစစ် ကြောင်းတို့က…

စစ်အာဏာသိမ်း (၁၁၀၁) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၇ AAPP ရဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၁၀၁) ရက်အတွင်း ပြည်သူ (၄၄၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၉၈၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၄၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

စစ်ကောင်စီ ကန့်သတ်ချက်တွေနဲ့ကုန်ဈေးကြောင့် ကရင်စစ်ရှောင်တွေ အခက်ကြုံ

ဘားအံ၊ ဖေဖော်ဝါရီ ၇ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်လာမှုနဲ့အတူ ကုန်ဈေး နှုန်းကြီးမြင့်မှုတွေကြောင့် လူသားချင်းစာနာမှုအကူအညီတွေအပေါ် အားထားမှီခိုပြုနေရတဲ့ စစ်ရှောင်ဒုက္ခတွေ အခက်အခဲတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ပြောပါတယ်။ စစ်ရေးတိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ အရပ်သားလူထုအပေါ် ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူ ၇၅၀,၀၀၀ ကျော် နေရပ်စွန့်ခွာ…

မွန်လူထုတွေ တော်လှန်ရေးနဲ့ကင်းကွာဖို့ စစ်ကောင်စီ ပွဲလမ်းသဘင်တွေ ခွင့်ပြုပေးနေ

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၇ စစ်အာဏာရှင်စနစ်ကို ဘဝတူတိုင်းရင်းသားအများစုက ရရာနည်းနဲ့ နေ့စဉ်ရက်ဆက် ခုခံတော်လှန်နေကြချိန်မှာ မွန်ပြည်နယ်က လူထုတွေကို တော်လှန်ရေးနဲ့ကင်းကွာဖို့ စစ်ကောင်စီက ပွဲလမ်းသ ဘင်တွေ အကြီးအကျယ် ခွင့်ပြုပေးနေပါတယ်။ အာဏာသိမ်းမှုအတွင်း တိုင်းရင်းသားဒေသအများစုမှာ မြို့ပေါင်း ၃၀ ကျော်နဲ့ တပ်စခန်းပေါင်းရာချီ လက်လွှတ်ဆုံးရှုံးထားတဲ့ စစ်ကောင်စီက အပြည့်အဝထိန်းချုပ်ထားနိုင်တဲ့ မြို့ကြီးတွေ နယ်မြေတွေမှာ ပွဲကျင်းပခွင့် ပိုပိုပြီးခွင့်ပြုလာနေတာပါ။…

ဘီးလင်းစစ်ဘေးရှောင်အများအပြား ယားနာရောဂါတွေဖြစ်ပွားနေ

ဘီးလင်း၊ ဖေဖော်ဝါရီ ၇ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ ယားနာရောဂါတွေ ဖြစ်ပွားနေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကစလို့ စစ်ရှောင်ပြည်သူတွေထဲက ကလေးသူငယ်တချို့ ဝဲနဲ့ယားနာရောဂါ စတင်ဖြစ်ပွားရာမှ ကူးစက်ပျံ့နှံ့သွားပြီးနောက် လူကြီးတွေမှာပါ ရောဂါဖြစ်ပွားမှုတွေ ရှိလာခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုအရ စစ်ရှောင်ပြည်သူ ၁၀ ဦးမှာ ၄ ဦးလောက် ဝဲနဲ့ယားနာရောဂါတွေ…