January 2024

ကျောက်ကြီးမှာ လက်နက်ကြီးကျလို့ အရပ်သား ၁ ဦးသေဆုံး ကလေးအပါအဝင် ၇ ဦး ဒဏ်ရာရ

ကျောက်ကြီး၊ ဇန်နဝါရီ ၂၆ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ကလေးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၂၆၄)တပ်ရင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က…

ပုလောမှာ အလစ်တိုက်ခိုက်ခံရလို့ တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံး

ပုလော၊ ဇန်နဝါရီ ၂၆ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ဆယ်အိမ်စုကျေးရွာရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ဖို့သွားတဲ့ မဟာမိတ်ပူးပေါင်းစစ်ကြောင်း အလစ်ငိုက် တိုက်ခိုက်ခံရပြီး တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ဒရုန်းတပ်ဖွဲ့ နဲ့…

ဆော်ဒီနိုင်ငံမှာ ပထမဆုံးအရက်ဆိုင် ဖွင့်လှစ်မယ်

ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၆ ရှေးရိုးဆန်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အရက်သေစာနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေ တွေပြဌာန်းထားပေမယ့် ပထမဆုံးအကြိမ်အဖြစ် မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချခွင့်ပြုဖို့ အစိုးရကစီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP မှာ ဖော်ပြထားပါတယ်။ ဆော်ဒီနိုင်ငံထဲ အရက်ကိုသံတမန်ရေးလမ်းကြောင်းက တဆင့် ဒါမှမဟုတ် အလုံပိတ်ထားတဲ့ တရားဝင် အထုပ်အပိုးတွေနဲ့ တင်သွင်းရတဲ့ မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချပေးတော့မယ်လို့…

ဖိထာကို လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြု

ဘန်ကောက်၊ ဇန်နဝါရီ ၂၆ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ တရားရုံးက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဖိထာကို ပြစ်မှုကင်းရှင်းကြောင်း ဆုံးဖြတ်ခဲ့ပြီးနောက် လွှတ်တော်အမတ်အဖြစ် တာဝန်ပြန်လည် ထမ်းဆောင်ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖိထာဟာ MFP ပါတီကို ဦးဆောင် ပြီး မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့ပေမယ့် လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ခံခဲ့ရ ပြီးနောက်…

ပခုက္ကူ GTC မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

ပခုက္ကူ – ဇန်နဝါရီ ၂၅ မကွေးတိုင်း၊ပခုက္ကူ-ရေစကြိုကားလမ်းက ပခုက္ကူ GTC ကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက အမေများနေ့အထိမ်းအမှတ်အဖြစ် ဝင်ရောက်တိုက်ခိုက် ခဲ့တယ်လို့ Southern YSO PDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီဂိတ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ…

ရှေ့နေ ဒေါ်ခင်နှင်းဌေးအပါအဝင် ဒေသခံ ၅ ဦးကို သတ်ဖြတ်ခဲ့တဲ့ စစ်ကောင်စီကို ရှေ့နေအဖွဲ့ ရှုတ်ချ

မော်လမြိုင် – ဇန်နဝါရီ ၂၅ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် ဥပဒေတာဝန်ခံ ရှေ့နေ ဒေါ်ခင်နှင်းဌေး(ခ) မအိမ်ဂျယ် အသက် ၃၀ နှစ်နဲ့ မဲအိုးကျေးရွာဒေသခံ ၄ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံ လုံးဆိုင်ရာ ပြည်သူ့ရှေ့နေများ သမဂ္ဂအဖွဲ့ချုပ်က ရှုတ်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ဘီလူးစစ်ကြောင်းလို့ အမည်ခံထားတဲ့ အင်အား ၁၀၀…

သံဖြူဇရပ်မှာ ရိုဟင်ဂျာ ၁၀၀ ကျော် ဖမ်းဆီးခံရ

သံဖြူဇရပ်၊ ဇန်နဝါရီ ၂၅ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာအနီး ရော်ဘာခြံအတွင်း ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က ရိုဟင်ဂျာ ၁၁၇ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ရိုဟင်ဂျာလူမျိုးတွေ ရောက်ရှိနေတဲ့ သတင်းအရ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေက ကုန်တင်ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာပါ။ ဖမ်းဆီးခံရသူတွေထဲမှာ ကလေးငယ် ၉…

ပေါက်တောမြို့ကို AA အလုံးစုံထိန်းချုပ်

ပေါက်တော၊ ဇန်နဝါရီ ၂၅ ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA မှ အလုံးစုံထိန်းချုပ်လိုက်ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ က ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ရက္ခိုင့်တပ်တော် AA ဟာ ပေါက်တောမြို့ကို သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။ ပေါက်တောမြို့သိမ်းတိုက်ပွဲအတွင်း…

ထားဝယ်အရှေ့တောဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ခံရ

ထားဝယ်၊ ဇန်နဝါရီ ၂၅ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အရှေ့တောဒေသ ဖောင်းတောကျေးရွာအနီးရှိ စစ်ကောင်စီကျောက်ထုစခန်းကို တော်လှန်ရေးအင်အားပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တွေထံက သိရပါတယ်။ တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်တဲ့ ကျောက်ထုစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၃ ရက်နေ့ ညနေပိုင်းမှာ အင်အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စခန်းသိမ်းပိုက်နိုင်ခဲ့တာပါ။…

တိုက်ပွဲမှာ သေဆုံးထားသူရဲ့ တံဆိပ်ပုံတွေအသုံးပြုပြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးပေး တယ်လို့ သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ စစ်တပ်အကြီးအကဲ ဒုတပ်ချုပ်က ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးလိုက်တယ်လို့ သတင်းမှားဖြန့်နေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ထောက်ခံတဲ့အကြောင်းတွေရေးသားလေ့ရှိတဲ့ တပ်မတော်ထောက်ခံသူ တွေအပါအဝင် တပ်လော်ဘီအကောင့်တုတွေက…