January 2024

လောင်းလုံးဒေသခံရွာသားတစ်ဦးကို စစ်တပ်ပစ်ခတ်သတ်ဖြတ်

လောင်းလုံး၊ ဇန်နဝါရီ ၁၄ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်သွားမယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်က ကျေးရွာထဲ စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွက လိုက် လံပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် အောက်ကျောက်ဝပ်ကျေးရွာသား…

အကျင့်ပျက်ခြစားမှုကြောင့် ဗီယက်နမ်ဝန်ကြီး နှစ်ဦး ထောင်ချခံရ

ဟနွိုင်း၊ ဇန်နဝါရီ ၁၄ ကိုဗစ်စစ်ဆေးရေး ကိရိယာအရှုပ်တော်ပုံမှာ အကျင့်ပျက်ခြစားမှုတွေ ကျူးလွန်ခဲ့ကြောင့် စစ်ဆေးပေါ်ပေါက်တဲ့အတွက် ဗီယက်နမ်တရားရုံးက ဝန်ကြီးဟောင်း နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဲဒီအရှုပ်တော်ပုံမှာ ဒါဇင်နဲ့ချီတဲ့ အရာရှိတွေပါဝင်ပတ်သက်ခဲ့ပြီး သူတို့ဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် အပြစ်ရှိတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့အတွက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ တရားရုံးက ဆိုထားပါတယ်။ ကျန်းမာရေးဝန်ကြီးဟောင်း ငုယင်သောင်လွန်ဟာ အမေရိကန်ဒေါ်လာ ၂ ဒသမ…

အမေရိကန်နဲ့ ဗြိတိန်တို့ကို ယီမင်မှာ အကြီးအကျယ် ဆန္ဒပြ

ဒူဘိုင်း၊ ဇန်နဝါရီ ၁၄ ပင်လယ်နီကိုဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို တိုက်ခိုက်မှုတွေလုပ်နေတဲ့ ဟူသီသူပုန်တွေကို လက်တုံ့ပြန်တိုက်ခိုက်ခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန်တို့ကို ယီမင်ခေါင်းဆောင်တွေက ပြစ်တင် ရှုတ်ချထားသလို ယီမင်နိုင်ငံသားတွေကလည်း ဆန္ဒပြနေကြပါတယ်။ အမေရိကန်နဲ့ဗြိတိန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစ္စရေး-ဟားမတ်စ်စစ်ပွဲဖြစ်နေ တဲ့ ဒေသတစ်ခုလုံးကို စစ်ပွဲကျယ်ပြန့်လာစေတဲ့ အန္တရာယ်ရှိနေတဲ့အတွက် ဆန္ဒပြနေကြတာလို့ ဆိုပါတယ်။ ဟူသီအဖွဲ့ရဲ့ ထိပ်တန်းနိုင်ငံရေးကောင်စီအဖွဲ့ဝင် မိုဟာမက်အလီအယ်လဟိုသီက အမေရိကန်ဟာ နတ်ဆိုးနိုင်ငံဖြစ်ပြီး ယီမင်နိုင်ငံကို…

အစွန်းရောက်အမျိုးသားရေးအတွေးအခေါ်အား လက်နက်တပ်ဆင်ခြင်းဆိုတဲ့ စာတမ်းထုတ်ဝေ

မော်လမြိုင် – ဇန်နဝါရီ ၁၃ မြန်မာနိုင်ငံမှာ အင်အားပမာဏအမျိုးမျိုး၊သစ္စာခံမှု၊လည်ပတ်မှုပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေတဲ့ အမျိုးသားရေးအစွန်းရောက်အုပ်စုဖြစ်တဲ့ ပျူစောထီးတွေကို အသေးစိတ်လေ့လာနိုင်ဖို့ အစွန်း ရောက်အမျိုးသားရေးအတွေးအခေါ်ကို လက်နက်တပ်ဆင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က စာတမ်းထုတ်ဝေခဲ့ပါတယ်။ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ဟာ နိုင်ငံရေးနဲ့ လူမှုဖြစ်စဉ်တွေကို စဉ်ဆက်မပြတ်စောင့်ကြည့် လေ့လာနေတဲ့ အရပ်ဘက်သုတေသနအဖွဲ့အစည်းတခုဖြစ်ပြီး ဒီစာတမ်းမှာ ပျူစောထီးရဲ့ သမိုင်း ကြောင်းနဲ့ ဖြစ်စဉ်တွေအပြင် ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ အခြေ…

ဝန်းသိုကအရပ်သားတွေကို သတ်ဖြတ်ပြီး PDF လုပ်တယ်လို့ စစ်တပ်အပြစ်ဖို့သတင်းမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဝန်းသိုမြို့က ဒေသခံ ၁၉ ဦးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်ပြီးနောက် PDF တွေ လုပ်တယ်ဆိုပြီး အပြစ်ဖို့ သတင်းမှားဖြန့်နေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွေဖြစ်တဲ့ ကျော်စွာ၊တပ်မတော်ချစ်သူများ၊ရဲဘညွန့်နဲ့…

ကျောက်မဲမြို့ရှိ TNLA စခန်းကုန်းကို  စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်

++++++++++++ အပစ်ခတ်ရပ်စဲမှု ပေါ်ပေါ်တင်တင် ချိုးဖောက်တာလို့ TNLA ပြော မော်လမြိုင် – ဇန်နဝါရီ ၁၃ တအာင်းပြည်နယ်၊တပ်မဟာ ၂ စစ်ဒေသ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က အပစ်ရပ် လက်မှတ်ထိုးထားတာကို ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ…

မကွေးယောအခြေစိုက် YDF တပ်က ရခိုင်မှာ AA နဲ့အတူတိုက်ပွဲဝင်နေ

ဂန့်ဂေါ – ဇန်နဝါရီ ၁၃ မကွေးတိုင်း၊ယောကာကွယ်ရေးတပ် – YDF ဟာရခိုင်ပြည်နယ်က စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲ တွေမှာ ရက္ခိုင့်တပ်တော် AA နဲ့အတူတိုက်ပွဲဝင်နေတယ်လို့ YDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ က သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလဒုတိယအပတ်က ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာစခန်း သိမ်းတိုက်ပွဲမှာ မဟာမိတ်တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ “မကြာသေးခင်ကမှ ကျွန်တော်တို့ယောဒေသက စစ်ကောင်စီပွိုင့်ကုန်းတွေကို သိမ်းခဲ့တာတွေ ရှိတယ်။…

စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်ရပ်ဖို့ သဘောတူခဲ့တယ်လို့ အတည်ပြု

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေကို စစ်ကောင်စီနဲ့ နှစ်ဖက်အပစ်ခတ်ရပ်စဲဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၂ ရက်နေ့ ည ၉ နာရီခွဲအချိန်မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ ညီနောင်မဟာမိတ်သုံးဖြစ်တဲ့ MNDAA၊ TNLA…

စစ်အာဏာသိမ်း (၁၀၇၆) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၃၄၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၁၃ AAPP ရဲ့ ဇန်နဝါရီ (၁၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၇၆) ရက်အတွင်း ပြည်သူ (၄၃၄၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၈၈) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လူဟောင်းတွေနဲ့ပြန်ဖွဲ့တဲ့ မွန်ပြည်သစ်လမ်းစဉ်က ပိုနေမြဲကျားနေမြဲလော

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၁၃ ၁၁ ကြိမ်မြောက် ပါတီညီလာခံကနေ လူသစ်နှစ်ဦး ထပ်တိုးရုံကလွဲရင် ခေါင်းဆောင်ပိုင်း အပြောင်း အလဲမရှိတဲ့အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံရေး၊ စစ်ရေးအခင်းအကျင်းမှာ ရပ်တည်ချက် ပြောင်းလဲမယ့်လမ်းစမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ကစလို့ ပါတီညီလာခံကို ဌာနချုပ်ရှိရာ ရေးချောင်းဖျားမှာ စတင်ကျင်း ပခဲ့ပြီး လက်ရှိမှာတော့…