သံဖြူဇရပ်၊ ဇန်နဝါရီ ၃၀

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာရှိ စစ်ကောင်စီ သြဇာခံပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအဝင် ၅ ဦးကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF ဘက်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်အပါအ ဝင် ပြည်သူ့စစ်အဖွဲ့ဝင် ဦးမောင်ကိုနဲ့ ရော်ဘာခြံလုပ်သား ၃ ဦးတို့ဟာ သူပိုင်ရော်ဘာခြံမှာ ခြံရှင်းနေစဉ် တော်လှန်ရေးအင်အားစုတွေက ကား၂ စီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးသွားခဲ့တာပါ။

ဖမ်းဆီးစဉ် ဦးမောင်စိန်ကိုင်ဆောင်တဲ့ ၃၈ ဗို့ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ဦးမောင်ကိုကိုင်ဆောင်တဲ့ AK 47 သေနတ် တစ်လက်နဲ့ ကားတို့ကိုပါ သိမ်းဆည်းသွားခဲ့တာပါ။

အဲဒီနောက် ဦးမောင်စိန်နေအိမ်မှာ သိမ်းဆည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့ပိုင် AK 47 သေနတ် နှစ်လက်၊ M 16 သေနတ် တစ်လက်ကိုပါ ထပ်မံသိမ်းဆည်းပြီးနောက် ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တချို့ ဖမ်းဆီးမှုကို ဘယ်တော်လှန်ရေးအင် အားစုတွေက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် အဖွဲ့တချို့ ဖမ်းဆီးခံလိုက်ရပေမယ့် လက်ရှိအချိန်အထိ စစ်ကောင်စီဘက်က လိုက်လံရှာဖွေတာနဲ့ စစ်ဆေးမေးမြန်းတာ မရှိသေးဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

ဖမ်းဆီးခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးမောင်စိန်ဟာ ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲမှာ ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ သံဖြူဇရပ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.