A general views of the ASEAN Foreign Ministers' (AMM) Retreat meeting in Luang Prabang on January 29, 2024. (Photo by TANG CHHIN SOTHY / AFP)

လူအန်ပရာဘန် ၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာတွေကို ကိုယ်တိုင် ဦးဆောင်ဖြေရှင်းဖို့ ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကနေ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံနိုင်ငံခြားရေးအစည်းအဝေးအပြီး ထွက်ပေါ်လာတဲ့ ကြေညာချက်မှာ ဝန်ကြီးတွေအနေနဲ့ အလှည့်ကျဥက္ကဋ္ဌ လာအိုခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ ဆက်သွယ်ရေးနဲ့ မြန်မာပြည်သူတွေကို ကူညီပေးနိုင်မယ့်အပေါ် ယုံကြည်မှုရှိတယ်လို့ ဆိုထားတာပါ။

မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ရှိနေချိန်မှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံက ကူညီပေးသွားမယ်ဆိုတဲ့ကတိကို ထပ်မံအတည်ပြုတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ကိုက်ညီတဲ့ ဘယ်လိုကြိုးပမ်းမှုတွေကိုမဆို အာဆီယံက ထောက်ခံ ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပြီး တိုက်ခိုက်မှုတွေရပ်တန့်ရေးနဲ့ လူသားချင်းစာနာထောက် ထားမှု ဆိုင်ရာ အကူအညီတွေပေးနိုင်ဖို့အတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရေး တိုက်တွန်း ထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း ၂ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို အာဆီယံအနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆို တာနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေရှိနေတယ်လို့ သိရပါတယ်။

အရင်အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဟာ စစ်တပ်ဆန့်ကျင်ရေး အင်အားစုတွေနဲ့ ဆွေးနွေးရေး သံတမန်နည်းနဲ့ တိတ်တဆိတ်ကြိုးပမ်းခဲ့ပေမယ့် လက်ရှိဥက္ကဋ္ဌ လာအိုကတော့ ဒီအခြေအနေအား ပိုကောင်းလာအောင် လုပ်ဆောင်နိုင်ပါ့မလားဆိုတာနဲ့ပတ်သက်ပြီး လေ့လာသူတွေက သံသယ ရှိနေကြပါတယ်။

ဒီလအစပိုင်းက အာဆီယံအထူးကိုယ်စားလှယ် အေလွန်ကီယို ကစ်တစ်ဟွန်ဟာ စစ်ခေါင်းဆောင် နဲ့ လာရောက်တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပေမယ့် သူ့ရဲ့ ခရီးစဉ် နဲ့ပတ်သက်ပြီး အာဆီယံနဲ့ အလှည့်ကျဥက္ကဋ္ဌ နိုင်ငံတွေက ကြေညာချက်ထုတ်ပြန် ထားတာမရှိ သလို သူဟာ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေနဲ့ တွေ့ဆုံခဲ့လားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.