ဂန့်ဂေါ – ဇန်နဝါရီ ၃၀

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်က ပျူစောထီးကျေးရွာကနေထွက်ပြေးလာတဲ့ မိသားစုတစ်စုဟာ စစ်ကောင်စီတပ်သားတွထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က မြောက်ခင်ရန်း ပျူစောထီးကျေးရွာကနေထွက်ပြေးလာတဲ့ မိသားစုဝင်လေးဦးထဲက အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။

မြေမြှုပ်မိုင်းနင်းမိတာကြောင့် သွေးထွက်လွန်ပြီး သတိမေ့နေတဲ့ လူနာအမျိုးသမီးကို ဂန့်ဂေါ မြို့နယ် ပ.က.ဖ၊ YPDF နဲ့ နှမ်းခါးလူငယ်အဖွဲ့က ၈ မိုင်လောက်အကွာအဝေးထိ ထမ်းပိုးကယ် ဆယ်ခဲ့ရတယ်လို့ ဂန့်ဂေါ ပ.က.ဖ ကိုနွေဦးဆိုသူက ပြောပါတယ်။

“စစ်ကောင်စီအောက်မှာ မနေလိုတာကြောင့် ထွက်ပြေးလာရင်းမိုင်းနင်းမိတာပါ။ ရှစ်မိုင်လောက် ထိသွားရောက်ကယ်ဆယ်ပြီးထမ်းခဲ့ရတယ်။ အချိန်မီ ဆေးချိတ်နိုင်လို့ မစိုးရိမ်ရဘူး”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ လူနာအမျိုးသမီးဟာ အချိန်မီဆေးချိတ်ထားနိုင်တာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာမရှိတော့ပေမယ့် ဆေးကုသစရိတ်နဲ့ ဆေးဝါးလိုအပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးကျေးရွာ ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းနဲ့ ခြေနင်းမိုင်း တွေထောင်ထားတာကြောင့် မိုင်းထိတဲ့ကာကွယ်ရေးရဲဘော်နဲ့ ပြည်သူ ၁၈ ဦးလောက်ရှိနေပြီ ဖြစ်တယ်လို့ ဒေသတွင်းအချက်အလက်တွေအရ သိရပါတယ်။ 

အဲဒီလိုမိုင်းတွေထောင်ထားပေမယ့် ပျူစောထီးကျေးရွာတွေကို PDF တပ်တွေ ပိတ်ဆို့ထားလို့ လူ့အသုံးအဆောင်ပစ္စည်းပတ်လတ်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရွာခံတွေနဲ့ လက်နက်ကိုင် ပျူစောထီးတွေဟာ PDF ဘက်ကို ၂ လအတွင်း ၆၀၀ ကျော် ခိုလှုံလာပြီး သူတို့တွေကိုတော့ မြို့နယ် ပ.အ.ဖ က ရိက္ခာထောက်ပံ့တာနဲ့ တကိုယ်ရေးသုံးပစ္စည်းတွေထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ဂန့်ဂေါမြို့မှာ ပျူစောထီးကျေးရွာ ၇ ရွာရှိပြီး လူဦးရေ ၆၀၀၀ နီးပါးရှိကာ သူတို့တွေကိုတော့ PDF တပ်တွေက ဖြတ်လေးဖြတ် လုပ်ဆောင်ထားတာဖြစ်ပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.