This handout photo taken on April 24, 2021 and released by the Indonesian Presidential Palace shows leaders attending the Association of Southeast Asian Nations (ASEAN) summit on the Myanmar crisis in Jakarta. (Photo by HANDOUT / INDONESIAN PRESIDENTIAL PALACE / AFP) / RESTRICTED TO EDITORIAL USE - MANDATORY CREDIT "AFP PHOTO / Indonesian Presidential Palace" - NO MARKETING - NO ADVERTISING CAMPAIGNS - DISTRIBUTED AS A SERVICE TO CLIENTS

လူအန်ပရာဘန်၊ ဇန်နဝါရီ ၃၀

လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်စေလွှတ်ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ထိပ်တန်းသံတမန်က ပြောပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကျင်းပနေတဲ့ အစည်းအဝေးကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ် စေလွှတ်တာဟာ အစည်းအဝေးတက်ရောက်ခွင့်ဆိုင်ရာ အာဆီယံမူဝါဒနဲ့ ကိုက်ညီတယ်လို့ ဆိုခဲ့တာပါ။

မြန်မာနိုင်ငံကို အာဏာသိမ်းပြီး ၂ လအကြာမှာ အာဆီယံနဲ့ သဘောတူညီခဲ့တဲ့ ဘုံသဘောတူညီ ချက် ၅ ချက်ကို စစ်ဗိုလ်ချုပ်တွေဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ပြီးနောက် သူတို့ကို အာဆီယံရဲ့ အဓိကအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်တစ်ဦးကို အစည်းအဝေး ဖိတ်ကြားရေးမူဝါဒရှိပေမယ့် စစ်ဗိုလ်ချုပ်တွေက ပြည်တွင်းရေးကိစ္စတွေမှာ ကြားဝင်စွက်ဖက် တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ အစည်းအဝေးတက်ရောက်ခွင့်ကို ငြင်းပယ် ထားတာပါ။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက အာဆီယံအစည်းအဝေးအတွက် မြန်မာနိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါ်မာလာသန်းထိုက်ဟာ လာအိုနိုင်ငံကို ရောက်ရှိနေ တယ်လို့ ရိုက်တာကို ပြောထားပြီး တခြားသံတမန်ရေး သတင်းရင်းမြစ်နှစ်ခုကလည်း အတည်ပြုထားပါတယ်။

ဒီအခြေအနေကြောင့် အာဆီယံရဲ့ မူဝါဒတွေပြောင်းလဲမှာ မဟုတ်ဘဲ မြန်မာကိုယ်စားလှယ် တက်ရောက်မှုကြောင့် အာဆီယံက ဆုံးဖြတ်ချက်ချရာမှာ သက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ရတ်နိုက ပြောပါသေးတယ်။

ရတ်နိုဟာ မြန်မာနိုင်ငံရေးဖြစ်စဉ်အတွင်းက အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုးပမ်းမှုတွေမှာ ဦးဆောင်နေသူဖြစ်ပြီး စစ်ကောင်စီကတော့ သူတို့တစ်ဘက်သက် သတ်မှတ်ထားတဲ့ အကြမ်းဖက်သမားဆိုသူတွေနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် သတ်ဖြတ်မှုတွေလုပ်ဆောင်နေတယ်လို့ လေ့လာစောင့်ကြည့်သူတွေက စွပ်စွဲထားပေမယ့် စစ်တပ်က ငြင်းဆိုထားပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.