January 28, 2024

ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လွှတ်တော်အတည်ပြုချက်လိုတယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော် ၊ ဇန်နဝါရီ ၂၈ တိုင်းရင်းသားဒေသတချို့ကို လက်လွှတ်ထားရတဲ့ စစ်ကောင်စီက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေဟာ လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့မရနိုင်ဘဲ လွှတ်တော်မှာ အတည်ပြုဖို့လိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ဇန်နဝါရီ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပ ဒေစိုးမိုးရေးကော်မတီ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသွားခဲ့တာပါ။ စစ်ခေါင်းဆောင်ရဲ့…

မွန်ပြည်နယ်မှာ မီတာခမဆောင်တဲ့ နေအိမ်တွေကို မီတာပုံးဖြုတ်သိမ်းနေ

မော်လမြိုင် ၊ ဇန်နဝါရီ ၂၈ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ လျှပ်စစ်မီတာခ မဆောင်တဲ့နေအိမ်တွေကို စစ်ကောင်စီက အခုလ ဆန်းပိုင်းကစပြီး မီတာပုံးဖြုတ်သိမ်းတာနဲ့ မီးကြိုးဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအထိ မီတာခ မဆောင်တဲ့ နေအိမ်တွေနဲ့ မီတာခ အကြွေးကျန် ကျပ် ၅ သိန်းနဲ့ အထက်ရှိတဲ့ နေအိမ်တွေကို…

ကော့ကရိတ်မြို့ထဲ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှု အဆက်မပြတ် လုပ်ဆောင်နေ

ကော့ကရိတ်၊ ဇန်နဝါရီ ၂၈ စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ တစ်မြို့လုံးကို အလုံးစုံပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့အ ကြား ၂ လနီးပါးကြာ စစ်ရေးတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဇန်နဝါရီ ၂၆ ရက်နေ့ ည ၉ နာရီအချိန်ကနေ…

ဆန်သယ်ယူခွင့် ကန့်သတ်ချက်ကြောင့် သထုံခရိုင်စစ်ရှောင်တွေ အခက်ကြုံ

သထုံ၊ ဇန်နဝါရီ ၂၈ မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းနဲ့သထုံမြို့နယ်တို့မှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဆန်သယ်ယူခွင့်ကန့်သတ်ချက်ကြောင့် အခက်အခဲဖြစ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ရှောင်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်က နေ့တိုင်းနီးပါး လက်နက် ကြီး ပစ်ခတ်တာ၊ ဘီးလင်းဝင်းတာပန်စခန်း တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာနေရာတွေကို အိုး အိမ်စွန့်ခွာထွက်ပြေးနေရတာပါ။ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ စစ်ကောင်စီက သိမ်ဆိပ်-လေးကေကျေးရွာချင်းဆက်လမ်းနဲ့…