မော်လမြိုင် ၊ ဇန်နဝါရီ ၂၆

အမြင့်ဈေးနဲ့ ဈေးငြိမ်နေတဲ့ ပြည်တွင်းစက်သုံးဆီဈေးဟာ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်နေ့မှာတော့ တစ်လီတာလျှင် ကျပ် ၁၀၀ ကျော် ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံဆီးရောင်းဝယ်ရေးလုပ်ငန်းရှင်တွေထံက သိရပါတယ်။

ဇန်နဝါရီ ၂၅ ရက်နေ့က တစ်လီတာ ကျပ် ၂၇၇၅ သာရှိတဲ့ ၉၅ ဓာတ်ဆီဟာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ ကျပ် ၂၉၀၅ ကျပ်အထိ တစ်လီတာလျှင် ကျပ် ၁၃၀ အထိ ဈေးနှုန်းခုန်တက်လာတာပါ။

ဒ့ါအပြင် ၉၂ ဓာတ်ဆီကလည်း တစ်လီတာ ကျပ် ၂၆၃၅ ကနေ ကျပ် ၂၇၅၀ အထိ ဈေးနှုန်းမြင့်တက်လာပြီး တစ်လီတာလျှင် ကျပ် ၁၁၅ ကျပ်အထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ဖော်ပြခဲ့တဲ့ စက်သုံးဆီဟာ မွန်ပြည်နယ် မော်လမြိုင်စက်သုံးဆီဈေးကွက်အတွက် စစ်ကောင်စီရဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီက သတ်မှတ်ပေးတဲ့ ဈေးနှုန်းပါ။

စက်သုံးဆီဈေးနှုန်း မြင့်တက်လာတာဟာ ပြည်ပစက်သုံဆီးဈေးကွက်မှာ ဈေးနှုန်းမြင့်တက်မှုနဲ့အတူ စစ်ကောင်စီက ဒေါ်လာ မရောင်းပေးတော့ဘဲ ပြင်ပဒေါ်လာ ဝယ်ယူတင်သွင်းခိုင်းမယ်ဆိုတဲ့ အစီအစဉ်ကြောင့်လို့ စက်သုံဆီးလုပ်ငန်းရှင်တွေက ဆိုပါတယ်။

စက်သုံးဆီတွေ ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ဈေးနှုန်းအဆမတန် မြင့်တက်ခဲ့ပြီး လိုသလောက် ဝယ်ယူလို့ မရတာ၊ မကြာခဏ ပြတ်လပ်တာတွေအပြင် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်း ဝယ်ယူခဲ့ရတာပါ။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.