ကျောက်ကြီး၊ ဇန်နဝါရီ ၂၆
ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ ကျောက်ကြီးမြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ကလေးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၂၆၄)တပ်ရင်းကနေ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကျောက်ကြီးမြို့နယ် ကျောင်းကုန်း၊ ပေါက်ကုန်း၊ သမင်အင်းကုန်း၊အင်းနက်နဲ့ကျို့ကုန်းကျေးရွာထဲကို လက်နက်ကြီး ၁၂ လုံး ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျောင်းကုန်းကျေးရွာနေ အသက် ၃ နှစ်အရွယ် ကလေး ငယ် မောင်နေဇော်လင်းအပါအဝင် ဒေသခံပြည်သူ ၅ ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ် ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၃ ရက်နေ့ကလည်း ကညင်ကျိုးနဲ့ဒေါင်းမို့ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၆၅ နှစ်အရွယ် ဦးမြင့်လှိုင်သေဆုံးပြီး ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုအတွင်း ဒေသခံနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ပြီး နွား ၃ ကောင် ကျည်စထိမှန်သေဆုံးခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် လိန်ပင်ဝဲကျေးရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU