ပေါက်တော၊ ဇန်နဝါရီ ၂၅

ရခိုင်ပြည်နယ် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA မှ အလုံးစုံထိန်းချုပ်လိုက်ပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ က ဇန်နဝါရီ ၂၄ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ရက္ခိုင့်တပ်တော် AA ဟာ ပေါက်တောမြို့ကို သိမ်းပိုက်ဖို့အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၆ ရက်နေ့ကလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ အလုံးစုံထိန်းချုပ်နိုင်ခဲ့တာပါ။

ပေါက်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကြည်း၊ရေ၊လေ အပြင်းအထန် စစ်ဆင်ရေးတွေ ကြောင့် မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့သလို အရပ်သားပြည်သူတွေလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ပေါက်တော်မြို့ကို အလုံးစုံထိန်းချုပ်လိုက်ပြီဖြစ်ပေမယ့် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နဲ့ရသေ့တောင် မြို့နယ်တို့မှာ လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရက္ခိုင့်တပ်တော်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တယ်လို့ ညီနောင်သုံးဖွဲ့က အသိပေးထားပါတယ်။

ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း မြို့ပေါင်း ၁၈ မြို့ထက်မနည်း စစ်ကောင်စီတပ်စခန်း ရာနဲ့ချီ သိမ်းပိုက်ထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.