ထားဝယ်၊ ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အရှေ့တောဒေသ ဖောင်းတောကျေးရွာအနီးရှိ စစ်ကောင်စီကျောက်ထုစခန်းကို တော်လှန်ရေးအင်အားပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ စစ်ဆင်ရေးမှာပါဝင်တဲ့ PDF ရဲဘော်တွေထံက သိရပါတယ်။
တပ်အင်အား ၄၀ ကျော် တပ်စွဲနေထိုင်တဲ့ ကျောက်ထုစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဇန်နဝါရီ ၂၃ ရက်နေ့ ညနေပိုင်းမှာ အင်အားအလုံးအရင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စခန်းသိမ်းပိုက်နိုင်ခဲ့တာပါ။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်ပြီး ထွက်ပြေးလွတ် မြောက်သွားတဲ့ တပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ စစ်ဆင်ရေးမှာ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီအသုံးပြုတဲ့ စိန်ပြောင်း ၂ လက်အပါအဝင် သေနတ် ၆ လက်၊ လက်နက်ကြီးဗုံးသီး၊ မိုင်း၊ လက်ပစ်ဗုံးတွေအပါအဝင် ခဲယမ်းအမြောက်အများနဲ့ စစ်သုံးပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကျောက်ထုစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက အသေးစိတ် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲဟာ တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပထ မဆုံးအကြိမ် စခန်းသိမ်းပိုက်မှုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- PDF