January 24, 2024

တောင်-မြောက်ကိုရီးယား ပေါင်းစည်းရေး မော်ကွန်းတိုင်ကို ကင်ဂျုံအန် ဖြိုချ

ဆိုလ်း၊ ဇန်နဝါရီ ၂၅ မြောက်ကိုရီးယားနိုင်ငံ၊ပြုံယမ်းမြို့မှာရှိတဲ့ တောင်ကိုရီးယားနဲ့ ပြန်လည်ပေါင်းစည်းရေး သင်္ကေတ တစ်ခုဖြစ်တဲ့ မော်ကွန်းတိုင်တစ်ခုကို ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ အမိန့်နဲ့ ဖြိုချ ဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။ အထိမ်းအမှတ်ကျောက်တိုင်ကို မဖြိုချခင်မှာ တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယားရဲ့ အဓိက ရန်သူဖြစ်လာပြီး ပြန်လည်ပေါင်းစည်းရေး လုံးဝမဖြစ်နိုင်တော့ဘူးလို့ ခေါင်းဆောင် ကင်က ဆိုထားတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က မြို့တော်ပြုံယမ်းကိုရိုက်ကူးထားတဲ့…

ရုရှားရန်ကာကွယ်ဖို့ အချိန်မကျန်တော့ဘူးလို့ နော်ဝေစစ်ဦးစီးချုပ် သတိပေး

အော်စလို၊ ဇန်နဝါရီ ၂၅ လာမယ့်သုံးနှစ်အတွင်း ရုရှားနိုင်ငံနဲ့ စစ်ပွဲဖြစ်လာနိုင်တဲ့အတွက် ကာကွယ်ရေး အသုံးစရိတ်တိုး မြှင့်ရမယ်လို့ နော်ဝေစစ်တပ်အကြီးအကဲလည်းဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်က သတိပေးလိုက် ပါတယ်။ နော်ဝေစစ်ဦးစီးချုပ် ဗိုလ်ချုပ် အီရစ် ခရစ္စတိုဖာဆန်က ရုရှားနိုင်ငံရဲ့ ခန့်မှန်းလို့မရတဲ့ အခြေ အနေတွေကြောင့် ကာကွယ်ရေးအင်အားတည်ဆောက်ဖို့ အချိန်မရှိတော့ဘူးလို့ ဒေသတွင်း သတင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ဝန်ခံပြောဆိုခဲ့တာပါ။ လက်ရှိအခြေအနေအရ မိမိတို့ နိုင်ငံရဲ့…

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ BGF တောင်းဆို

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့အဖွဲ့ဟာ စစ်ကောင်စီဒုတပ်ချုပ်နဲ့ တွေ့ဆုံဆွေးနွေးရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းဆိုခဲ့တယ်လို့ BGF နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ စစ်ကောင်စီနဲ့ ကရင်နယ်ခြားစောင့်တပ်တို့အကြား မပြေလည်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဇန်နဝါရီ ၂၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ကို စစ်ကောင်စီရဲ့ ဒုတိယဥက္ကဌ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့…

ကျောက်တံခါးမှာ PDF တပ်ဖွဲ့ ရှောင်တခင်စစ်ဆေးစဉ် စစ်တပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်

ကျောက်တံခါး – ဇန်နဝါရီ ၂၄ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ် မင်းလှ-စိန်ကန့်လန့်လမ်းမှာ ပဲခူးခရိုင် PDF ၃၇၀၁ တပ်ရင်း တပ်ခွဲ ၅ ( Dike-U Defence Force) က နယ်မြေစိုးမိုးရေး ရှောင်တခင်စစ်ဆေးချိန်မှာ စစ်ကောင် စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပဲခူး PDF က ထုတ်ပြန် ထားပါတယ်။ ပြီးခဲ့တဲ့…

ဘုရားဌာပနာဖောက်တယ်လို့ စစ်တပ်စွပ်စွဲချက် TNLA ပယ်ချ

နမ့်ဆန် – ဇန်နဝါရီ ၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ဆန်မြို့အဝင် တောင်ကုန်းပေါ်မှာရှိတဲ့ စေတီတစ်ဆူကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲနေတာနဲ့ပတ်သက်ပြီး TNLA ဘက်ကပယ်ချလိုက်ပါတယ်။ စစ်ကောင်စီဝါဒဖြန့် ပြည်ကြားရေးဝန်ကြီးဌာနက နမ့်ဆန်မြို့အဝင်မှာရှိတဲ့ စေတီတစ်ဆူကို ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး TNLA ဘက်က ဘက်ဟိုးနဲ့ဖြိုချကာ ဇန်နဝါရီလ ၂၀ ရက်နေ့ မှာတော့…

မွန်ညီညွတ်ရေးပါတီ နာယက နိုင်ငွေသိန်းရဲ့ ဈာပန မော်လမြိုင်မှာ ပြုလုပ်မယ်

မော်လမြိုင် ၊ ဇန်နဝါရီ ၂၄ မွန်ညီညွတ်ရေးပါတီ နာယက ဆရာကြီး နိုင်ငွေသိန်းရဲ့ ဈာပနအခမ်းအနားကို လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ မော်လမြိုင်မြို့ရှိ ပိန္နဲကုန်းသုသာန်မှာ ပြုလုပ်သွားမယ်လို့ ပါတီကနေ အသိပေးထုတ်ပြန်ပါတယ်။ ဆရာကြီး နိုင်ငွေသိန်းဟာ ဇန်နဝါရီ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ နာရီ ၃၄ မိနစ်မှာ ရန်ကုန်မြို့ရှိ အာရှတော်ဝင်အထူးကုဆေးရုံမှာ…

စစ်အာဏာသိမ်း (၁၀၈၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၄၂၃) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ AAPP ရဲ့ ဇန်နဝါရီ (၂၃)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၈၇) ရက်အတွင်း ပြည်သူ (၄၄၂၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၈၇၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၉၀၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ပြည်သူ့ဝန်‌ဆောင်မှုအပေါ် ယုံကြည်အားကိုးမှု ကျဆင်းလာ

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ အာဏာသိမ်းကာလမှာ မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ဒေသန္တရစီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ လုံခြုံရေးဝန်ဆောင်မှုတွေကို ဒေသခံပြည်သူတွေက ယုံကြည်အားကိုးမှု ကျဆင်းလာတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်ရဲ့ သုတေသနအစီရင်ခံစာက ဖော်ပြပါတယ်။ ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ “အကျပ်အတည်းကာလ မွန်ဒေသအတွင်းရှိ ပြည်သူ့ဝန် ဆောင်မှုလေ့လာချက်” အစီရင်ခံစာမှာ အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မတူညီတဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ဝန်ဆောင်မှု…

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ် စစ်ကောင်စီလက်အောက်က ခွဲထွက်

မော်လမြိုင်၊ ဇန်နဝါရီ ၂၄ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေး နွေးညှိနှိုင်းမှု မပြေလည်တာတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ကနေခွဲထွက်ပြီး သီးခြားရပ် တည်သွားမယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက စုံစမ်းသိရှိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ကရင်နယ်ခြားစောင့်တပ် BGF…

KNU သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး အလင်းဝင်

သထုံ၊ ဇန်နဝါရီ ၂၄ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်နဲ့တကွ အလင်းဝင်ခဲ့တယ်လို့ KNU သထုံခရိုင်က ဇန်နဝါရီ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ အလင်းဝင်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီ (စကခ-၈)လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ အမှတ် (၄၁၀) ခြေမြန်တပ်ရင်း ဝင်းတာပန်တပ်စခန်းမှ တပ်သား ၂ ဦးနဲ့…