ရေစကြို – ဇန်နဝါရီ ၁၈

မကွေးတိုင်း၊ရေစကြိုမြို့နယ်က စစ်ကောင်စီအထိုင်တပ်စခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက် ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၄ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့  Myingyan Black Tiger အဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီအထိုင်စခန်းတွေဖြစ်တဲ့ ရုံးပေါင်းစုံ(ထွေအုပ်ရုံး တပ်စခန်းနဲ့ ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်းရုံး) တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို အပြင်းအထန်ဖိအားပေးတိုက်ခိုက်ခဲ့ပေ မယ့် စစ်ကောင်စီဘက်က စစ်ကူတွေရောက်ရှိလာတာကြောင့် စခန်းသိမ်းမသိမ်းပိုက်နိုင်ခဲ့ဘူးလို့ MBT အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောပါတယ်။ 

“ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့တယ်။မသိမ်းနိုင်ခဲ့ပေမယ့် တစ်မြို့လုံးကိုတော့ အကောင်း ဆုံးထိန်းထားနိုင်ခဲ့တယ်။ ထပ်ပြီးတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ပြည်သူတွေစိတ်ဓာတ် မကျပါနဲ့လို့ပြောချင်တယ်” လို့သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်သားတွေဟာ ရေစကြိုမြို့ပေါ်မှာ လုံခြုံရေးတင်းကြပ် ထားပြီး ကင်းပတ်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ကာကွယ်ရေးတပ်ဖွဲ့တွေဟာ နည်းမျိုးစုံသုံးပြီး ဖိအားပေးတိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီ ဘက်က နှစ်ဘက်ညှပ်ပုံစံနဲ့ ခုခံခဲ့သလို ခံစစ်ခိုင်မာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ် တယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီ စစ်ကြောင်းမှူး ဆရာကရင်နဲ့ ထိန်းသိမ်းရေးခေါင်းဆောင် ရဲဘော် ၃၃ တို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ စုပေါင်းရုံးကိုတိုက်ခိုက်မှုမှာတော့ MBT၊ LY- PDF၊ ဗိုလ်ခြောက်ဆယ်၊ Bright Stars Group (LPDF)၊Royal Eagle People Defence Force၊ ဗိုလ်ခြောက်ဆယ် ပြောက်ကြား တပ်၊ N-YSO ၊ ရွှေညာမြေ အထူးကိုမန်တိုတပ်ဖွဲ့၊ TPGပြောက်ကြားတပ်ဖွဲ့နဲ့ သွေးသောက်တပ်ဖွဲ့   တို့ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MBT

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.