ဘန်ကောက် ၊ ဇန်နဝါရီ ၁၉

ထိုင်းနိုင်ငံအလယ်ပိုင်း၊ဆူဖန်ဘူရီပြည်နယ် ဆာလာခါအိုမြို့အနီးမှာ မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် လူပေါင်း ၂၃ ဦးသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လည် ၃ နာရီလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်တာနက်မှာပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအရ မြေပြင်မှာ သတ္တုအပိုင်းအစတွေ ပြန့်ကျဲနေသလို အနက်ရောင်မီးခိုးလုံးကြီးတွေ ထွက်ပေါ်ခဲ့တာပါ။

အဲဒီစက်ရုံမှာ နေ့စဉ်အလုပ်လုပ်တဲ့ အလုပ်သမား ၂၀ ကနေ ၃၀ လောက်အထိရှိတယ်လို့ သိရပါတယ်။

ဆူဖန်ပြည်နယ်အုပ်ချုပ်ရေးမှူး နာရာပက ဆူဝမ်ပရာတစ်က ပေါက်ကွဲမှုမှာ လူ ၂၃ ဦး သေဆုံးခဲ့တယ်လို့ ရှင်းလင်းရေးအဖွဲ့က အတည်ပြုထားပြီး ဖြစ်ပွားရတဲ့အကြောင်း အရင်းကိုတော့ မသိရသေးဘူးလို့  AFP ကိုပြောခဲ့ပါတယ်။

အဲဒီစက်ရုံဟာ တရားဝင်လိုင်စင်နဲ့လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပြီး ပေါက်ကွဲမှုမှာ စက်ရုံဘေးပတ် လည်မှာရှိတဲ့ တခြားအဆောက်အဦးတွေတော့ ထိခိုက်မှုမရှိဘူးလို့ ရဲတပ်ဖွဲ့က ဆိုထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရောက်ဖို့ ဆွစ်ဇာလန်ကိုရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်ကိုလည်း သတင်းပို့ထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ မီးရှူးမီးပန်းထုတ်လုပ်တဲ့ လုပ်ငန်းခွင်တွေမှာ ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားနေတာဖြစ်ကာ ပြီးခဲ့တဲ့ နှစ်ကလည်း နရာသီဝတ်ပြည်နယ် ဆွန်ငိုင် ကိုလော့မြို့မှာ မီးရှိူးမီးပန်း စက်ရုံပေါက်ကွဲမှုကြောင့် လူ ၁၀ ဦး သေဆုံးထားပါသေးတယ်။

ဒါ့အပြင် ချင်းမိုင်မြို့က မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်းမှာ လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထိုင်းမှာ ဆောက်လုပ်ရေး ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ စည်းကမ်းလိုက်နာမှု အားနည်းပြီး လူသေဆုံးမှုဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားနေတာပါ။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.