တီဟီရန်၊ ဇန်နဝါရီ ၁၉

ဂါဇာစစ်ပွဲအဆုံးသတ်ရင် မဟာမိတ်တွေရဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေ ရပ်တန့်ပေးသွား မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပြီး ဒီစစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှာ တင်းမာ မှုတွေ ပိုမိုမြင့်တက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ကို အီရန်က ကူညီပေးနေတာဖြစ်ပြီး အစ္စရေးက ရာဇဝတ်မှုတွေ ကျူးလွန်နေ တယ်လို့ စွပ်စွဲထားသလို အမေရိကန်က ကူညီပေးနေတယ်လို့လည်း ဆိုထားတာပါ။

ဂါဇာမှာလူမျိုးတုန်း သတ်ဖြတ်နေတာတွေ အဆုံးသတ်မယ်ဆိုပါက ဒေသတွင်း စစ်ရေးလှုပ်ရှား မှုတွေ ရပ်တန့်သွားမှာဖြစ်ပြီး ဒေသတွင်း ပဋိပက္ခတွေလည်း အဆုံးသတ်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အမီရက်ဒိုလာဟီယန်က ဆွန်ဇာလန်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ပြောခဲ့ပါတယ်။

ပင်လယ်နီလုံခြုံရေးဟာ ဂါဇာကမ်းမြောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်နွယ်နေပြီး ဂါဇာကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ မရပ်ဘူးဆိုပါက လူတိုင်း ဒုက္ခကြုံရမှာဖြစ်သလို တပ်ဖွဲ့တွေလည်း ဆက်လက်လှုပ်ရှားနေဦးမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ပြီးခဲ့တဲ့အပတ်က ယီမင်မှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့က တိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အဲဒီအဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ်ထပ်မံကြေညာခဲ့ပါတယ်။

ဟူသီအဖွဲ့ဟာ ပါလက်စတိုင်းသားတွေနဲ့ အတူရပ်တည်တယ်လို့ဆိုကာ ပင်လယ်နီကို ဖြတ်သန်း သွားလာနေတဲ့ ကုန်တင် သင်္ဘောတွေကို တိုက်ခိုက်နေတာပါ။

ဒါ့အပြင် အီရန်က အီရတ်နိုင်ငံအခြေစိုက် အစ္စရေးထောက်လှမ်းရေး ဌာနချုပ်ကို တိုက်ခိုက်ခဲ့ တယ်လို့ ပြောထားပေမယ့် အစ္စရေးကတော့ အဲဒီမှာ သူတို့ရဲ့ထောက်လှမ်းရေးဌာန မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒ့်ဒေသမှာ အစ္စရေးရဲ့ ထောက်လှမ်းရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး အီရန်က အီရတ်ကို သတင်းအချက်အလက်တွေ ပေးပို့နေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.