Bank employees gather Thai baht notes at a Kasikornbank in Bangkok, Thailand, January 26, 2023. REUTERS/Athit Perawongmetha

ဘန်ကောက် – ဇန်နဝါရီ ၁၁

ထိုင်းအာဏာရအစိုးရရဲ့ ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်တဲ့ အာဏာရချိန်မှာ ပြည်သူတွေကို ဘတ်ငွေ ၁၀၀၀၀ ပေးမယ့် အစီစအဉ်ကို လာမယ့်မေလမှာ စတင်လုပ်ဆောင်သွားမှာဖြစ်တယ် လို့ ဝန်ကြီးချုပ် ဆရီထာ သာဗီဆင်က သတင်းထောက်တွေကိုပြောပါတယ်။ 

အစိုးရကို ဥပဒေဆိုင်ရာ အကြံပေးနေတဲ့အဖွဲ့က အဲဒီအစီအစဉ်အတွက် ဆရီထာရဲ့ ဝန်ကြီးများ အဖွဲ့ ငွေချေးယူမှုကို တားမြစ်ဖို့မရှိဘူးလို့ လေ့လာတွေ့ရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်က အခုလိုပြော ခဲ့တာပါ။ 

မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုက တဆင့်ပြည်သူတွေ ငွေလက်ခံရရှိမှာဖြစ်တယ်လို့ ဒီဂျစ်တယ် ပိုက်ဆံအိတ်စီမံကိန်းလို့ အစိုးရက အမည်ပေးထားတဲ့ အဲဒီအစီအစဉ်က အလုံးစုံဖွံ့ဖြိုးဖို့အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

အာဆီယံရဲ့ ဒုတိယအကြီးဆုံး စီးပွားရေးကို တစ်နှစ်မှာအနည်းဆုံး ၅ ရာခိုင်နှုန်းဖွံ့ဖြိုးလာအောင် လုပ်ပြီး စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းအောင်လုပ်ဆောင်ဖို့ အစိုးရက ဆန္ဒရှိနေတာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ ဘဏ္ဍာရေးအရ တာဝန်ခံမှုရှိဖြစ်နိုင်ပြီး ငွေကြေးဖောင်ပွမှု ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးဟောင် တချို့က ဆိုထားပြီး ငွေပေးဝေမယ့် အစီအစဉ်ကို ဝေဖန်ထားပါတယ်။ 

ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ ဆရီထာက စီးပွားရေးနှိုးဆွရေးအစီအစဉ်နဲ့ တခြားကိစ္စတွေကို ဆွေးနွေးဖို့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ဆုံသွားဖို့ရှိတယ်လို့ သိရ ပါတယ်။ 

ဒါ့အပြင်ထိုင်းဘဏ်က အတိုးနှုန်းတိုးမြှင့်ခဲ့တဲ့အတွက် ဆရီထာက ဒီသီတင်းပတ်အတွင်း အဲဒီဘဏ်ကို ပြစ်တင်ဝေဖန်ခဲ့သလို ငွေဖောင်းပွမှုလျှော့နည်းနေချိန်မှာ အခုလုပ်ရပ်က အသေးစားစီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ထိုင်းကုန်သည်ကြီးများအဖွဲ့က နိုင်ငံ့စီးပွားရေးဟာ နှစ်အလိုက်အနည်းဆုံး ၃ ရာခိုင်နှုန်း ဖွံ့ဖြိုးလာနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.