မိုးဗြဲ၊ ဇန်နဝါရီ ၉
ကရင်နီပြည်နယ်နဲ့ ရှမ်း-ကယားနယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ တော်လှန်ရေးတပ်တွေဟာ စစ်ရေးအသုံးစရိတ်ကြီးမြင့်လာမှုနဲ့အတူ ရိက္ခာအခက်အခဲတွေကိုပါ ရင်ဆိုင်နေရတယ်လို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကုန်စပြီး စစ်ကောင်စီတပ်ကို ပြင်း ထန်တဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို စစ်ရေးအရှိန်မြှင့်တင်ထားတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေမှာရောက်နေတဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အနည်းဆုံး ဆန်အိတ် ၂၀၀ ကနေ ၃၀၀ လောက်အထိ လိုအပ်နေတယ်လို့ မြေပြင်တော်လှန်ရေးသ တင်းအရင်းအမြစ်တွေထံက သိရပါတယ်။
ကာလပေါက်ဈေးအရ တစ်နာရီကြာတိုက်ပွဲအတွက် ကျည်ဆန်ကုန်ကျစရိတ်ဟာ မြန်မာကျပ်ငွေ သိန်းရာဂဏန်းအထိ ကုန်ကျတယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။
တိုက်ပွဲအတွက် လက်နက်ခဲယမ်းအသုံးစရိတ် ပိုမိုသုံးစွဲနေရတာကြောင့် နောက်ပိုင်းမှာ ရဲဘော်တွေအတွက် ရိက္ခာအခက်အခဲဖြစ်လာတာလို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတာဝန်ခံတစ်ဦးက သံ လွင်တိုင်းမ်ကို ပြောပါတယ်။
“အခုပိုပြီး အခက်အခဲဖြစ်လာတဲ့အချက်က ရိက္ခာအခန်းကဏ္ဍပေါ့။ ရိက္ခာဆိုတဲ့အပိုင်းမှာ အခုကျွန် တော်တို့ တပ်ရင်းတပ်ဖွဲ့တွေမှာ ဆိုရင်ပိုပြီးမှအားစိုက်တာက ခဲယမ်းပိုင်းပေါ့နော်။ လက်နက်သိပ်ပြီးတော့ အခက်အခဲ မရှိတော့ဘူးဆိုပေမယ့် ခဲယမ်းပိုင်းကို အရမ်းပြင်ဆင်ရမှာစိုးလို့ ကမ်ပိန်းတွေက ရတာတွေအကုန် ခဲယမ်းဆီပဲစီးဆင်းဖို့ အကုန်လုံးသဘောတူညီထားမှုတွေ လည်းရှိနေတယ်။ အဲဒီတော့အခုရိက္ခာပိုင်းမှာ အနုတ်လက္ခဏာပြနေတယ်”လို့ သူက ဆိုပါတယ်။
This photo taken on October 16, 2021 shows members of the Karenni Nationalities Defence Force (KNDF) eating a meal at their base camp in the forest near Demoso, in Myanmar’s eastern Kayah state. – Young anti-coup recruits line up at a secret camp in Myanmar, hands behind their heads and stomachs braced, waiting for a drill instructor to deliver a punch to toughen them up for their fight against the military. (Photo by AFP) / TO GO WITH Myanmar-military-politics-coup-conflict, FOCUS
တိုက်ပွဲတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက ကရင်နီပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီတပ်ဂိတ်တွေက တားဆီးတာတွေလည်း ရှိနေတာပါ။
လက်ရှိအချိန်ထိ ရှမ်းကယားနယ်စပ်မှာ တိုက်ပွဲငယ်တွေရှိနေပြီး မကြာခင်ကာလအတွင်းမှာလည်း ပြင်းထန်တဲ့တိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့ ကရင်နီတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ဆိုထားပါတယ်။
တိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ၂ လနီးပါးအတွင်း ရှမ်း-ကယားနယ်စပ်ဒေသမှာရှိတဲ့ မိုးဗြဲနဲ့ ဖယ်ခုံဒေသရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ