ဒါကာ၊ ဇန်နဝါရီ ၉

အတိုက်အခံပါတီတစ်ခု သပိတ်မှောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ၅ ကြိမ်မြောက် ရာထူးသက်တမ်းအတွက် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထပ်မံအနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။

မဲပေးသူ ၄၀ ရာခိုင်နှုန်းလောက် လျှော့နည်းခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲပြီးနောက် ဟာစီနာရဲ့ အာဏာရပါတီ Awami League အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူက AFP ကိုပြောခဲ့တာပါ။

ဟာစီနာရဲ့ အစိုးရအဖွဲ့ဟာ ဆင်းရဲမွဲတေမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ နိုင်င့အတွက် စီးပွားရေးဖွံ့ဖြိုးလာ အောင် ဦးဆောင်နိုင်ခဲ့ပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ပြီးအတိုက်အခံတွေကို အညှာအတာမဲ့ နှိမ်နင်းနေတယ်လို့ စွပ်စွဲခံထားရပါတယ်။

အာဏာရပါတီဟာ ပြိုင်ဆိုင်ခဲ့ရသမျှ နေရာတွေမှာ ထိရောက်တဲ့ ပြိုင်ဘက်မရှိသလောက်ဖြစ်ခဲ့ ပေမယ့် မဲဆန္ဒနယ်အနည်းငယ်မှာ ကိုယ်စားလှယ်ဝင်မပြိုင်ဘဲထားခဲ့ပြီး ဒီအခြေအနေဟာ တစ်ပါတီတည်း ကြီးစိုးထားတဲ့ အစိုးရအဖြစ် တံဆိပ်ကပ်မခံရအောင် ကြိုးပမ်းမှုဖြစ်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ BNP က အထွေထွေသပိတ်မှောက်ကြဖို့ တိုက်တွန်းထားသလို တခြားအတိုက်အခံပါတီတွေကလည်း မသမာတဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ငြင်းဆိုထားကြတာပါ။

လက်ရှိမှာတော့ ဟာစီနာရဲ့အာဏာရပါတီဟာ အမတ်နေရာစုစုပေါင်း ၃၀၀ မှာ ၂၂၀ ထက်မနည်း အနိုင်ရထားတယ်လို့ သိရပြီး ရွေးကောက်ပွဲ အပြီးသတ်ရလဒ်ကို တနင်္လာနဲ့ ညနေပိုင်းမှာ တရားဝင်ထုတ်ပြန်ဖို့ ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် မဟာမိတ်ပါတီတွေအပါအဝင် တခြားလွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုနဲ့ ဟာစီနာ ရဲ့ လွှတ်တော်အပေါ်ထိန်းချုပ်နိုင်မှုဟာ အရင်ကထက် ပိုမြင့်မားလာနိုင်ခဲ့သလို ပြည်သူတွေကိုလည်း ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုရှိကြောင်းပြသဖို့ တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲအနိုင်ရ ရှိတ်ဟာစီနာက မဲထည့်ပြီးနောက် BNP ပါတီဟာ အကြမ်းဖက်အဖွဲ့ အစည်း ဖြစ်တယ်လို့ ပြောခဲ့သလို ပြည်သူတွေကတော့ ပါတီတစ်ခုတည်းဝင်ရောက်ယှဉ်ပြိုင် တာကြောင့် မဲသွားမပေးသူတွေ ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.