January 8, 2024

အတိုက်အခံမပါတဲ့ ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အနိုင်ရ

ဒါကာ၊ ဇန်နဝါရီ ၉ အတိုက်အခံပါတီတစ်ခု သပိတ်မှောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ ၅ ကြိမ်မြောက် ရာထူးသက်တမ်းအတွက် လက်ရှိ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထပ်မံအနိုင်ရရှိခဲ့တယ်လို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။ မဲပေးသူ ၄၀ ရာခိုင်နှုန်းလောက် လျှော့နည်းခဲ့တယ်လို့ ကနဦးသတင်းတွေမှာ ဖော်ပြထားတဲ့ ရွေးကောက်ပွဲပြီးနောက် ဟာစီနာရဲ့ အာဏာရပါတီ Awami League အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူက…

နယ်စပ်လုံခြုံရေး ထိန်းသိမ်းဖို့ စစ်ကောင်စီနဲ့ တရုတ် ကတိပြု

နေပြည်တော် ၊ ဇန်နဝါရီ ၉ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းပိုက်ပြီး အောင်ပွဲရကြောင်း လက်နက် ကိုင်တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားချိန်မှာ မြန်မာစစ်ကောင်စီနဲ့ တရုတ်တို့ဟာ နေပြည်တော်မှာ နယ်စပ်လုံခြုံရေး ကိစ္စဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံခြားရေး လက်ထောက်ဝန်ကြီး ဆွန်ဝေဒေါင်းနဲ့ တွေ့ဆုံမှုအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်နဲ့ ပူးပေါင်းပြီး နယ်စပ်လုံခြုံရေး ထိန်းသိမ်းရေးနဲ့ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းဖို့ သဘောတူခဲ့ကြပါတယ်။…

တပ်အင်အား ၂၀၀ နီးပါးရှိတဲ့ တောင်ရှည်တောင်ဗျူဟာတစ်ခုလုံး AA ထံ လက်နက်ချအညံ့ခံ

ကျောက်တော်၊ ဇန်နဝါရီ ၈ ရှမ်းမြောက်ရှိ စစ်ကောင်စီရဲ့ ဒကစ (လောက်ကိုင်) တစ်ခုလုံး လက်နက်ချအညံ့ခံပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တောင်ရှည်တောင်ဗျူဟာစခန်းတစ်ခုလုံး လက်နက်ချအညံ့ခံခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဇန်နဝါရီ ၈ ရက်နေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ တပ်အင်အား ၂၀၀ နီးပါးရှိတဲ့ တောင်ရှည်တောင်ဗျူဟာစခန်းတစ်ခုလုံး AA ထံ လက်နက်ချအညံ့ခံပြီးနောက် တခြားတပ်စခန်းတွေကလည်း လက်နက်ချ…

မြိုင်မှာစစ်ကောင်စီထောက်ပို့စစ်ကြောင်းတိုက်ခိုက်ခံရ ထိခိုက်သေဆုံးရှိနိုင်

မြိုင် – ဇန်နဝါရီ ၈ မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို တော်လှန်ရေးတပ်တွေဘက်က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်သား ၃ ဦးထိခိုက်သေဆုံးနိုင်တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မြိုင်မြို့နယ်ကနေ ကန်နီပျူစောထီးရွာကို သွားတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတာပါ။ “တိုက်ခိုက်မှုကြောင့် မြိုင်မြို့နယ်အတွင်းမှ ထွက်မလာရဲဘဲ…

သိန္နီမြို့အခြေစိုက် စကခ ၁၆ စစ်ဌာနချုပ် အပြီးသတ်သိမ်းပိုက်ခံရ

သိန္နီ၊ ဇန်နဝါရီ ၈ ရှမ်းပြည်နယ်၊ သိန္နီမြို့အခြေစိုက် စကခ ၁၆ လို့ လူသိများနေတဲ့ စစ်ကောင်စီရဲ့ အမှတ်(၁၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို ညီနောင်မဟာသုံးဖွဲ့နဲ့အတူ တော်လှန်အင်အားစုပူးပေါင်းတပ်ဖွဲ့ တွေက အပြီးသတ်သိမ်းပိုက်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က ထုတ်ပြန်ပါတယ်။ စကခ ၁၆ စစ်ဌာနချုပ်ကို သိမ်းပိုက်ဖို့အတွက် ဇန်နဝါရီ ၁ ရက်နေ့ကစပြီး သိန်းနီမြို့မှအထွက် နမ်မတူချောင်း…

KNU တောင်ငူခရိုင်က စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံစွန့်ခွာထွက်ပြေး 

ထန်းတပင်၊ ဇန်နဝါရီ ၈ ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဒေးလိုကျေးရွာအုပ်စု အခြေစိုက် စစ်ကောင်စီတပ်စခန်း တစ်ခုလုံး ထပ်မံစွန့်ခွာထွက်ပြေးသွားတဲ့အတွက် မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက တပ်စွဲထားတဲ့ သောက်ရေခပ် အမှတ် (၂) ရေအားလျှပ်စစ်ထုတ်လုပ်ရေး ရေကာတာ လုံခြုံရေး…

နမ့်ဆန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတွေအပါအ ဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံး

နမ့်ဆန်၊ ဇန်နဝါရီ ၈ ရှမ်းပြည်နယ်၊ နမ့်ဆန်မြိုမှာ စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှုကြောင့် TNEC ကျောင်းဆရာမ အပါအဝင် အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၆ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇန်နဝါရီ ၇ ရက်နေ့ ည‌‌ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့လည် ၂ နာရီခွဲအချိန်ခန့်မှာ…

တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ပွဲလန့်တုန်းဖျာခင်းနေတယ်လို့ စစ်ခေါင်းဆောင်စွပ်စွဲ

နေပြည်တော် – ဇန်နဝါရီ ၈ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပွဲလန့်တုန်းဖျာခင်းပြီး အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်ပုံဖော် လုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စွပ်စွဲလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီမှတ်ပုံတင်ချပေး ထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ နေပြည်တော် ငုရွှေဝါခန်းမမှာ တွေ့ဆုံချိန်မှာ အခုလိုပြောခဲ့တာပါ။ “ပွဲလန့်တုန်းဖျာခင်း ဆိုသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်…

အမြဲတမ်းဗဟိုကော်မတီစနစ် ကျင့်သုံးဖို့ မွန်ပြည်သစ်ပါတီ အတည်ပြု

ရေးချောင်းဖျား ၊ ဇန်နဝါရီ ၈ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တချို့ရဲ့ အသက်အရွက်ကြီးရင့်လာမှုနဲ့ ကျန်းမာရေးချို့တဲ့မှုကြောင့် ပါတီတာဝန်ကို အချိန်ပြည့်ထမ်းဆောင်နိုင်ခြင်းမရှိပေမယ့် ပါတီအင်အားဖြစ်ဖို့နဲ့ ပါတီကို အကျိုးပြုနိုင်ဖို့ ရည်ရွယ်ပြီး အမြဲတမ်းဗဟိုကော်မတီစနစ်ကို ကျင့်သုံးသွားမယ်လို့ မွန်ပါတီညီလာခံကနေ အတည်ပြုပါတယ်။ ရေးချောင်းဖျားမှာ ကျင်းပနေတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံမှာ အတည်ပြုခဲ့တာဖြစ်ပြီး အမြဲတမ်းဗဟိုကော်မတီဝင်ဖြစ်ဖို့ သတ်မှတ်အရည်အချင်းတွေကိုလည်း မွန်ပြည်သစ် သတင်းစဉ်က ဇန်နဝါရီ…