မင်္ဂလာပါရှင်

သံလွင်တိုင်းမ် သတင်းဌာနရဲ့ အမှန်း/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ 

ဒီအစီအစဉ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု/သတင်းမှားတွေကို စီစစ်ပေးသွားမှာပါ။

နောင်ချို သံဘိုရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို PDF တွေဖမ်းမိတာမရှိသေးဘူးလို့ စစ်တပ်လော်ဘီတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံကို ဒီနေ့မှာ စိစစ် ပေးသွားမှာဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်တပ်ဝါဒဖြန့်မီဒီယာတွဖြစ်တဲ့ DGF21news နဲ့ ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်တွေကနေ ဇန်နဝါရီလ ၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ကြတာပါ။

သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ စစ်ကောင်စီထောက်ခံသူတွေ ရဲ့ အကောင့်တုတွေက လိမ်လည်ဖြန့်ချီနေတဲ့ သတင်းအမှားဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် သံဘိုရွာအခြေစိုက် စစ်ကောင်စီ တပ်စခန်းကို TNLA နဲ့ မန္တလေး PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို အရှင်ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ မန္တလေး PDF က ဓာတ်ပုံမှတ်တမ်းတွေနဲ့ ထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် မေမြို့-မိုးကုတ်လမ်းဘေးက သံဘိုရွာ စစ်စခန်းဟာ ရှမ်းမြောက်နဲ့ မန္တလေးကြားက အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပြီး MDY-PDF နဲ့ TNLA တို့ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မန္တလေး PDF ပြန်ကြားရေးတာဝန်ခံက ပြောထားပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Mandalay People Defence Forceအဖွဲ့ရဲသတင်းထုတ်ပြန်ချက်

https://m.facebook.com/story.php?story_fbid=pfbid0v9JVAFCmZdy5bWnfci3DF34U5NJzGH14Bu8nKgbYh4PVURtUuXoVc8269mzvFGwnl&id=100093438597181&mibextid=Nif5oz

RFAတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://m.facebook.com/story.php?story_fbid=pfbid029jUJru8FbztcHkE5TjS4FHwyLCAtZJrQouJYgC6CAQA88rLXafmYakRrK7wMLZwrl&id=100064542350311&mibextid=Nif5oz

MFPသတင်းဌာနက ဖော်ပြထားတဲ့ သတင်း

https://fb.watch/pnTGjkyh4o/?mibextid=Nif5oz

ဒီအချက်တွေကြောင့် လူမှုကွန်ရက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေဖြန့်ဝေနေတဲ့ နောင်ချို သံဘိုရွာ တိုက်ပွဲမှာ စစ်ကောင်စီ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး သက်အောင်ကို PDF တွေ ဖမ်းမိထားတာမဟုတ်ဘူးဆိုတဲ့ သတင်းဓာတ်ပုံဟာ သတင်းအမှားတစ်ခုသာ ဖြစ်တယ်လို့ သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။ 

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.