January 4, 2024

ယူကရိန်းနဲ့ရုရှားတို့ စစ်သုံ့ပန်း ရာချီ လဲလှယ်

ကိဗ်၊ ဇန်နဝါရီ ၅ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေအရ ယူကရိန်းနဲ့ရုရှားတို့ဟာ စစ်သုံ့ပန်း ရာနဲ့ချီ လဲလှယ်ခဲ့ကြပြီး ဒါဟာ စစ်ပွဲအတွင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်တယ်လို့ ကိဗ်မြို့ရှိ အရာရှိတွေက ပြောပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေ အပါအဝင် အကျဉ်းသား ၂၃၀ ကို ရုရှားက ပြန်လွှတ်ပေးခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ရရှိခဲ့တဲ့ သဘောတူညီမှုအရ…

အီရန်ဗိုလ်ချုပ် အောက့်မေ့ဖွယ်အခမ်းအနား ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

တီဟီရန်၊ ဇန်နဝါရီ ၅ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလိုင်မန်နီရဲ့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်တဲ့ သုဿန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ခါမန်မြို့က ဆိုလိုင်မန်နီသေဆုံးမှု စတုတ္ထမြောက် နှစ်ပတ်လည် အခမ်းအနားအတွင်း လူအုပ်ကြီးထဲမှာ မိနစ်…

တိုက်ပွဲပြင်းထန်နေတဲ့ လွိုင်ကော်ထောင်က အကျဉ်းသားတွေ လွတ်ငြိမ်းခွင့်မရ

လွိုင်ကော် – ဇန်နဝါရီ ၄ ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်ကနေ စစ်ကောင်စီလွှတ်ပေးတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်မြောက်လာတဲ့ အကျဉ်းသားမရှိဘူးလို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီက နိုင်ငံအနှံ့က အကျဉ်းသား ၉၆၅၂ ဦး ကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကရင်နီပြည်နယ်က အကျဉ်းသားတစ်ဦးမှာ မပါ ဝင်ခဲ့ပါဘူး။ မြေပြင်တော်လှန်ရေး…

မွန်ပြည်နယ်မှာ အကျဉ်းသား ၇၀၀ နီးပါး ပြန်လွှတ်၊ နိုင်ငံရေးအကျဉ်းသားပါဝင်မှု နည်းပါး

မော်လမြိုင်၊ ဇန်နဝါရီ ၄ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသား ၆၇၀ ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသား ၃၁ ဦးသာ ပါဝင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်တဝန်းရှိ အကျဉ်းထောင်အ သီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို…

စစ်ခေါင်းဆောင်တွေကြောင့် ပြည်သူတွေ စစ်ကျွန်ဘဝကို ရင်ဆိုင်နေရတယ်လို့ NUG ပြော

မော်လမြိုင် – ဇန်နဝါရီ ၄ တိုင်းပြည်အာဏာကို လိုချင်တပ်မက်စိတ်နဲ့ မတရားရယူပိုင်ဆိုလိုကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်နက်အားကိုး အနိုင့်အထက်ပြုကျင့်မှုတွေကြောင့် ပြည်သူတွေ စစ်ကျွန်ဘဝကို ရင်ဆိုင်ကြုံ တွေ့နေရတယ်လို့ NUG က ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား သဝဏ်လွှာပေးပို့ခဲ့ပါ တယ်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က…

ရေတာရှည် သကြားစက်ဝန်ထမ်းတွေကို တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးထားတယ်လို့ စစ်တပ် သတင်းအမှားဖြန့်နေ

မင်္ဂလာပါရှင် သံလွင်တိုင်းမ်ရဲ့ အမှား/အမှန် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေးနဲ့ ပတ်သက်တဲ့ လူမှုကွန်ရက် ပေါ်က သတင်းတု/သတင်းမှားတွေကို စိစစ်ပေးသွားမှာပါ။ ဒီနေ့အစီအစဉ်မှာတော့ “ပဲခူးတိုင်း၊ရေတာရှည် သကြားစက်က ဝန်ထမ်းတွေကို KNUနဲ့ PDF တွေက ဖမ်းဆီးထားတယ်” လို့ စစ်တပ်လော်ဘီတွေကြားဖြန့်ဝေနေတဲ့ ဓာတ်ပုံကို စိစစ်ပေးသွား မှာဖြစ်ပါတယ်။ စစ်တပ်ဝါဒဖြန့်နေရာတွေဖြစ်တဲ့ ဟန်ငြိမ်းဦး၊MWD၊ Ye Yint…

နောင်ချိုမြို့နယ် သံဘိုကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်း သိမ်းပိုက်ခံရ၊ ဒုဗိုလ်မှူးကြီးတစ်ဦး အရှင်ဖမ်းဆီးရမိ

နောင်ချို၊ ဇန်နဝါရီ ၄ ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက် ပွဲအတွင်း ဒုဗိုလ်မှူးကြီး တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့…

အကျဉ်းသား ၉၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပြုတယ်လို့စစ်ကောင်စီ ထုတ်ပြန်

မော်လမြိုင်၊ ဇန်နဝါရီ ၄ နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၉၆၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ စစ်ကောင်စီက ဒီနေ့ မနက်ပိုင်းမှာ ကြေညာပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တဲ့ အကျဉ်သားတွေဟာ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အရင်ပြစ်ဒဏ်ကိုပါ တစ်ပေါင်းတစ်စည်း ကျခံရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံခြားသား အကျဉ်းသူ၊အကျဉ်းသား ၁၁၄…

စစ်အာဏာသိမ်း (၁၀၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၄၂၇၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၄ AAPP ရဲ့ ဇန်နဝါရီ (၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၆၇) ရက်အတွင်း ပြည်သူ (၄၂၇၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၇၃၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၈၀၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

လမ်းကြေးအဆမတန် ကောက်ခံမှုကြောင့် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထိုးတက်လာ

မော်လမြိုင် ၊ ဇန်နဝါရီ ၄ ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ထို့ကော်ကိုးလမ်းပိုင်းမှာ လမ်းကြေးတွေ အဆမတန် ကောက်ခံနေတာ ကြောင့် ဒေသတွင်းမှာ အသုံးပြုနေတဲ့ ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထပ်မံမြင့်တက်လာတယ်လို့ ကုန်သည်တွေနဲ့ ဒေသခံတွေထံက သိရပါတယ်။ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိကလမ်းပိုင်းဖြစ်တဲ့ အာရှလမ်းမကြီးတည်ရှိရာ ကော့က ရိတ်မြို့မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲပြင်းထန် နေတဲ့အတွက် လမ်းအသုံးပြုခွင့်…