ပေါင်၊ ဇန်နဝါရီ ၂

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျွဲခြံကျေးရွာမှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ည ၆ နာရီအချိန်ခန့်က ဘိန်းစာရွက် တွေ သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မုတ္တမကျွဲခြံကျေးရွာရှိ ပေါင်-သထုံခရိုင်ချင်းဆက်လမ်းပိုင်းမှာ ဘိန်းစာရွက်တွေ တင်ဆောင်လာတဲ့ ဟိုက် ဂျက်ယာဉ်တစ်စီးနဲ့ ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တာပါ။

ဒါပေမယ့် ဘိန်းစာရွက်တင်ဆောင်လာသူတွေဟာ ကားမရပ်ပေးဘဲ ရဲတပ်ဖွဲ့တစ်ဦးကို တိုက်ပြီး မောင်းပြေး သွားတဲ့အတွက် သေနတ်နဲ့ လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခံရတာကြောင့် ဆိုင်ကယ်စီးနင်းလာတဲ့ အမျိုးသားတစ်ဦးဟာ မေးစေ့ကျည်ဖောက် ဝင်ဒဏ်ရာရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

ဘိန်းစာရွက်တွေ တင်ဆောင်လာတဲ့ ဟိုက်ဂျက်ယာဉ်မောင်းအပါအဝင် အမျိူးသား ၂ ဦးကတော့ ကားကို ထားပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ဟိုက်ဂျက်ယာဉ်အပေါ်ကနေ ဘိန်းစာရွက် ၁၃ ထုပ် တွေ့ရှိခဲ့ပြီး သေဆုံးသွားတဲ့ အမျိုး သားကိုတော့ မုတ္တမတိုက်နယ်ဆေးရုံထံ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပေါင်မြို့နယ်မှာ အာဏာသိမ်းကာလအတွင်း ဘိန်းစာရွက်တွေနဲ့ WY မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု မြင့် တက်နေပေမယ့် ဖော်ထုတ်အရေးယူမှု မရှိသလောက် နည်းပါးနေသလို တချို့ဖြစ်စဉ်တွေမှာ ရဲတပ်ဖွဲ့ဝင်တွေ ကိုယ်တိုင် ပါဝင်ပတ်သက်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.