ကိုပင်ဟေဂင်၊ဇန်နဝါရီ ၂

ဒိန်းမတ်နိုင်ငံ ဘုရင်မ မာဂရတ် -၂ ဟာ သူမရဲ့ ထီးနန်းသက် ၅၂ နှစ်ပြည့်ဖြစ်တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထီးနန်းစွန့်တော့မယ်လို့ နှစ်သစ်ကူး ရုပ်သံမိန့်ခွန်းမှာ တရားဝင်ကြေညာခဲ့ပါတယ်။

၁၉၇၂ ခုနှစ်မှာ ဖခင်ဘုရင်ကြီး ဖရက်ဒရစ် – ၉ နတ်ရွာစံပြီးနောက် ဘုရင်မကြီး မာဂရက် -၂ က ထီးနန်းဆက်ခံခဲ့တာပါ။

ဘုရင်မကြီးဟာ ၂၀၂၃ နှစ်ဆန်းပိုင်းမှာ ကျောရိုးခွဲစိတ်မှုပြုလုပ်ပြီးနောက် ထီးနန်းစွန့်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကာ အနာဂတ်မျိုးဆက်အတွက် နေရာပေးရမယ့် အချိန်ရောက်ပြီလို့ အဲဒီခွဲစိတ်မှုအပြီးမှာ အတွေးပေါ်လာတာဖြစ်တယ်လို့ ဘုရင်မကြီးက ပြောပါတယ်။

ဘုရင်မကြီးရဲ့ ထီးနန်းစွန့်မယ့်အရေးနဲ့ ပတ်သက်ပြီး ပြည်သူတစ်ရပ်လုံးကိုယ်စား ကျေးဇူးတင်တယ်လို့ ဒိန်းမတ်ဝန်ကြီးချုပ် မတ်တီဖက်ဒရစ်ဆင်က ဆိုခဲ့ပါတယ်။

ဒိန်းမတ်ထီးနန်းကိုတော့ အသက် ၅၅ နှစ်ရှိပြီဖြစ်တဲ့ တော်ဝင်မင်းသား ဖရက်ဒရစ်ကို ပေးခဲ့မှာ ဖြစ်တယ်လို့ ဘုရင်မကြီးကဆိုထားပြီး ထီးနန်းဆက်ခံမယ့် တော်ဝင်မင်းသားဟာ ဗြိတိန်မှာလို ထီးနန်းဆက်ခံတဲ့ အခမ်းအနားပြုလုပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

ဒါပေမယ့် သူထီးနန်းဆက်ခံမယ့်နေ့မှာတော့ ထီးနန်းဆက်ခံကြောင်းကို ကိုပင်ဟေဂင်မြိုမှာရှိတဲ့ အမာလီယန်ဘော့ဂ် ရဲတိုက်က ကြေညာမှာဖြစ်ပါတယ်။

သူဟာ ဒိန်းမတ်ဘုရင်အဖြစ် ဘုရင်မကြီးရဲ့ အရိုက်အရာကို ဆက်ခံပြီး ဂရင်းလန်းနဲ့ ဖာရိုကျွန်းစုတို့ကိုပါ အုပ်ချုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒိန်းမတ်နိုင်ငံရဲ့ သက်တော် ၈၃ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီး မာဂရက် – ၂ဟာ ကမ္ဘာမှာ တစ်ဦး တည်းသော သက်ရှိထင်ရှား ဘုရင်မဖြစ်ကာ ဥရောပမှာလည်း လက်ရှိသက်တမ်း အရှည်ဆုံး ဘုရင်မလည်း ဖြစ်ပြီး ပြည်သူတွေက သူမကို နတ်ရွာစံတဲ့အချိန်ထိ ထီးနန်းမှာ စိုးစံဖို့မျှော်လင့်နေ ကြတာပါ။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.