2023

မွန်ပြည်သစ်ပါတီက မွန်ကျေးရွာတွေမှာ ကာကွယ်ရေးအဖွဲ့ ဖွဲ့နေပြီလား

ရေး၊ နိုဝင်ဘာ ၂၄ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ မွန်ပြည်သစ်ပါတီက သူတို့ထိန်းချုပ်ဒေသမှာရှိတဲ့ မွန်ကျေးရွာတွေမှာ ကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့ ကျေးရွာနေ ဒေသခံမွန်လူထုတွေဆီက ငွေကြေးကောက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ မွန်ပြည်သစ်ထိန်းချုပ်ဒေသအတွင်းရှိ မွန်ရွာတွေမှာ ကျေးရွာကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပြီး လက်နက်တွေဝယ်ယူဖို့ တစ်ရွာသေနတ် ၃ လက်အတွက် ဒေသခံတွေထံ ငွေကြေးကောက်ယူမှုတွေ ရှိနေတယ်လို့ မွန်ပြည်သစ်ပါတီနဲ့ နီးစပ်သူတွေ၊ ဒေသခံတွေထံကနေ စုံစမ်းသိရှိရပါတယ်။ ကရင်ပြည်နယ်…

KNU တပ်မဟာ ၃ နယ်မြေမှာ လေကြောင်းတိုက်ခိုက်ခံရလို့ ကလေး ၂ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

မုန်း၊ နိုဝင်ဘာ ၂၄ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တွေထဲမှာ စစ်ကောင်စီတပ်ရဲ့ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၁…

ကျိုက်ထိုမှာ လက်နက်ကြီးထိလို့ Non CDM ဆရာမတစ်ဦး ဒဏ်ရာရ

ကျိုက်ထို၊ နိုဝင်ဘာ ၂၄ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တံတားချောင်းကျေးရွာထဲကို စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် Non CDM ဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်က ကျိုက်ထို-ကင်မွန်းချောင်းကားလမ်း၊ ဝင်းကလော့လမ်းဆုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ တံတားချောင်းကျေးရွာထဲကို လက်နက်ကြီး ၃…

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု အချက်အလက်ပေးပို့ဖို့ တရုတ်ထံ WHO တောင်းခံ

ပေကျင်း၊ နိုဝင်ဘာ ၂၄ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုမြင့်တက်လာတာနဲ့ ပတ်သက်ပြီး ကလေးသူငယ်တွေမှာ နမိုးနီးယား ကူးစက်ခံနေရတယ်ဆိုတဲ့ အခြေအနေတွေကို တရုတ်အစိုးရအနေနဲ့ အသေးစိတ်အချက်အလက်ထုတ်ပြန်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းခံလိုက်ပါတယ်။ တရုတ်အာဏာပိုင်တွေအနေနဲ့ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ မြင့်တက်လာမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို နိုဝင်ဘာ ၁၃ ရက်‌နေ့က ကျင်းပခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရုတ်အာဏာပိုင်တွေဟာ COVID-19…

ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ ဂါဇာမှာ အပစ်ရပ်မယ်

ဂါဇာ၊ နိုဝင်ဘာ ၂၄ ဂါဇာကမ်းမြောင်မှာ အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ လေးရက်ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့ကြပြီး စစ်သွေးကြွတွေဖမ်းဆီးထားတဲ့ ဓားစာခံတွေနဲ့ အစ္စရေးမှာ အကျဉ်းချခံထားရတဲ့ ပါလက်စတိုင်းတွေကို ပြန်လွှတ်ပေးကြမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၂၃ ရက်နေ့မှာ အပစ်ရပ်ဖို့မျှော်လင့်ထားကြသလို ဓားစာခံတွေလွှတ်ပေးရေး သဘောတူညီမှုအနည်းဆုံး သောကြာနေ့အထိရွှေ့ဆိုင်းထားတယ်လို့ အစ္စရေး အမျိုးသားလုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ တာဇာချီ ဟန်နက်ဘီက ဆိုပါတယ်။ လေးရက်ကြာ…

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး နိုင်ငံရေးလောကထဲ ပြန်လာဖို့ရှိနေ

မနီလာ၊ နိုဝင်ဘာလ ၂၄ သမီးဖြစ်သူ ဒုသမ္မတ ရာထူးကနေ ဖြုတ်ချခံရပါက နိုင်ငံရဲ့ ဒုတိယအမြင့်ဆုံးအဆင့်ဖြစ်တဲ့ အထက်လွှတ်တော်အမတ်ရာထူးကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတယ်လို့ ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးက ပြောကြားလိုက်ပါတယ်။ ဖိလစ်ပိုင်ရဲ့ ဒုတိယသမ္မတဖြစ်တဲ့ သမီးဖြစ်သူ ဆာရာဒူတတေးကို လျှို့ဝှက်ရန်ပုံငွေအသုံးပြုခဲ့တာနဲ့ပတ်သက်ပြီး လူထုကြားနာမှုခံယူနေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာပါ။ လက်တလောမှာတော့ ဆာရာဒူတာတေးကို ဖြုတ်ချဖို့ အောက်လွှတ်တော်မှာ အလွတ်သဘော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ အတိုက်အခံအမတ်တစ်ဦးက…

ဘုရားသုံးဆူမြို့မှာ စစ်‌ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး ပစ်သတ်ခံရ

ဘုရားသုံးဆူ၊ နိုဝင်ဘာ ၂၃ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့မှာ နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန် ခန့်က စစ်ကောင်စီ ဒုတပ်ရင်းမှူးတစ်ဦး စနိုက်ပါနဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ကော့ကရိတ်အခြေစိုက် စစ်ကောင်စီ အမှတ်(၉၇) ခြေလျပ်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးအေးချမ်းဟာ ဘုရားသုံးဆူမြို့ရှိ Beauty Parlor ဆိုင်မှာ…

ထားဝယ် ကျောက်မဲတောင်ရဲစခန်းကို PDF ဝင်ရောက်တိုက်ခိုက်နေ

ထားဝယ် – နိုဝင်ဘာ ၂၃ တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်မှာရှိတဲ့ ကျောက်မဲတောင်ရဲစခန်းကို တော်လှန်ရေးအင်အားစု တွေဝင်ရောက်တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ထားဝယ် ပကဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ နိုဝင်ဘာလ ၂၃ ရက်နေ့မနက်အစောပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေတဲ့အတွက် မြေပြင်အခြေအနေအသေးစိတ်ကို ပြောလို့မရသေးဘူးလို့ ထားဝယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။…