December 2023

မော်လမြိုင်မှာ ဓာတ်ဆီရောင်းတဲ့ အမျိုးသမီးတစ်ဦးဖမ်းဆီးခံရ

မော်လမြိုင် – ဒီဇင်ဘာ ၁၁ မွန်ပြည်နယ်၊မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက် လမုတန်း စျေးအနီးမျာ ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီရောင်းချတဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ရေနံနဲ့ ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေ နဲ့ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းတွေမှာဖော်ပြထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး နေအိမ်မှာဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။ စစ်ကဲကုန်းရပ်ကွက်မှာ…

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် စစ်ကောင်စီစခန်း ၂၀ကျော်အထိ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိ

လွိုက်ကော် – ဒီဇင်ဘာ ၁၁ ကရင်နီပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအပါအဝင် လွိုင်ကော်မြို့ပေါ်က စစ်ကောင်စီတပ်စခန်း ၂၀ ကျော် အထိ တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ KNPP ပြောရေးဆိုခွင့်ရှိသူက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်မှာ ရှိတဲ့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ကရင်နီ…

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခနဲ့ ဆက်သွယ်မေးမြန်းချက်

“အကြမ်းဖက်စစ်ကောင်စီအနေနဲ့က ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလည်းမဟုတ်သလို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့အတွက် တရားဝင်အဖွဲ့အစည်းမဟုတ်ဘူး။ ဒါကြောင့်မို့ စစ်ကောင်စီဥက္ကဌပြောတဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးတဲ့ကိစ္စကတော့ ဘာမှဖြစ်လာမယ့် ကိစ္စမဟုတ်ဘူး၊ အဓိပ္ပာယ်လည်း မရှိဘူးဗျ” နိုင်ငံအနှံ့ ထိုးစစ်တွေမှာ အထိနာနေတဲ့ စစ်ကောင်စီက လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ နိုင်ငံ‌ရေးနည်းလမ်း အရ ဖြေရှင်းကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး…

လက်နက်ချအညံ့ခံသူတွေကို တော်လှန်ရေးအဖွဲ့တွေသတ်ဖြတ်ဟု စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့် (အမှန် /အမှား)

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် /အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာ သိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့‌ နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “တိုက်ပွဲများတွင် အလံဖြူပြကာ လက်နက်ချသည့် စစ်တပ်မှစစ်သည်များကို နောက်ကွယ်တွင် ပစ်သတ်ခြင်းများ ပြုလုပ်နေ…

ပေါင်မှာ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

ပေါင်၊ ဒီဇင်ဘာ ၁၀ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်ကျေးရွာနဲ့ ကျောက်တန်းကျေးရွာအကြားမှာ စစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျောက်ရေတွင်းကျေးရွာ ပြည်သူ့စစ်အဖွဲ့ဝင် အသက် ၅၄ အရွယ် ဦးမဲကြီးကို တော်လှန်ရေးအင် အားစုပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၉ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်မှာ သေနတ်နဲ့…

ကော့သောင်းမှာ စစ်ကောင်စီကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး သေနတ် ၁ လက်သိမ်းဆည်းရ

မိကော့သောင်း၊ ဒီဇင်ဘာ ၁၀ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ် ဖောသုတ်ကျေးရွာအနီးမှာ နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း ခြုံခိုတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ စစ်ကောင်စီရဲ့ အမှတ်(၅၈၄)ခြေမြန်တပ်ရင်းက တပ်ရင်းမှူးဦးဆောင်တဲ့ အင်အား ၅၀ နီးပါးပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ ၈ ရက်နေ့ မနက် ၁၀ နာရီအချိန်က…

စစ်တပ်အပေါ် သစ္စာရှိဖိုနဲ့ ယုံကြည်ချက်ထားကြဖို့ စစ်ခေါင်းဆောင် ထပ်မှာနေရ

ပြင်ဦးလွင်၊ ဒီဇင်ဘာ ၁၀ တပ်မတော်သားတွေအနေနဲ့ ပေးအပ်လာတဲ့တာဝန်တွေ ထမ်းဆောင်ရာမှာ မိမိကိုယ်ကိုသာမက နိုင်ငံနဲ့ စစ်တပ်အပေါ် သစ္စာရှိဖို့နဲ့ ယုံကြည်ချက်၊ခံယူချက် မြင့်မားစွာ ထားရှိဖို့လိုကြောင်း စစ်ခေါင်း ဆောင်က အလေးအနက်အထား မှာကြားနေရပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၅) သင်တန်းဆင်းပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က…

စက်သုံးဆီပြတ်လပ်မှုကြောင့် အထွေထွေအကျပ်အတည်း ထပ်ဆိုက်လာ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၀နိုင်ငံတဝန်းရှိ စက်သုံးဆီအရောင်းဆိုင်တွေမှာ ဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာတဲ့အတွက် လူမှုစီးပွားဘဝတွေ အထွေထွေအကျပ်အတည်း ထပ်ဆိုက်လာတဲ့ အခြေအနေနဲ့ ကြုံနေရပါတယ်။ အာဏာသိမ်းကာလအတွင်း စက်သုံးဆီပြတ်လပ်မှုကို မကြာခဏရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံဟာ အခုဒီဇင်ဘာလကစပြီး ဆီပြတ်လပ်မှုကို အဆိုးဝါးဆုံးထပ်မံကြုံတွေ့နေရသလို ဆီရရှိရေးအတွက် နာရီနဲ့ချီ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတာပါ။ စက်သုံးဆီဝယ်ယူရာမှာလည်း စက်သုံးဆီအရောင်းဆိုင်တွေက ကားတစ်စီးကို ကျပ် ၃၀၀၀၀ ဖိုး၊ ဆိုင်ကယ်တစ်စီးကို…

အရပ်သားတွေကို စစ်ကောင်စီတပ် ပစ်မှတ်ထားတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတယ်လို့ KPSN ပြော

ကော့ကရိတ်၊ ဒီဇင်ဘာ ၁၀ တိုက်ပွဲတိုင်းရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေပြီး လပိုင်းအတွင်း စစ်ဘေးရှောင်အရေအတွက် သိန်းဂဏန်းနားကပ်တဲ့အထိ များပြားလာခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ကနေ သိရပါတယ်။ KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ မဲကနယ်ကျေးရွာအုပ်စု၊ ကော့ကရိတ်မြို့ပေါ်နဲ့ ချောင်းနှစ်ခွဒေသတွေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေပြင်း ထန်ခဲ့ပြီး အရပ်သားပြည်သူလူထုအပေါ်…