December 2023

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ တစ်လခွဲအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၄၀ ကျော်ကို AA သိမ်းပိုက်

ရခိုင်၊ ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်မှာ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ တစ်လခွဲအတွင်း စစ်ကောင်စီရဲ့ စခန်းပေါင်း ၁၄၂ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့မှ စတင်ခဲ့တဲ့ စစ်ဆင်ရေးဟာ အခု ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ…

PDF အားပေးတဲ့ ကျေးရွာတွေကို သူပုန်ရွာအဖြစ် သတ်မှတ်ရှင်းလင်းမယ်လို့ စစ်တပ်ခြိမ်းခြောက်

လောင်းလုံး၊ ဒီဇင်ဘာ ၁၆ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အားပေးတဲ့ ကျေးရွာတွေကို သူပုန်အဖြစ် သတ်မှတ်ရှင်းလင်းသွားမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်လာကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားပြီးနောက် အခုလို…

တောင်ကိုရီးယားရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ထောက်လှမ်းရေး အကြီးအကဲ အသစ်ခန့်အပ်

ဆိုးလ်၊ ဒီဇင်ဘာ ၂၁ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုက ဒုတိယနိုင်ငံခြားရေးဝန်ကြီးချိုတေယိုကို နိုင်ငံခြားရေး ဝန်ကြီးအသစ်အဖြစ် ခန့်အပ်ပြီး ချိုတေယွန်ကိုတော့ ထောက်လှမ်းရေး အကြီးအကဲအဖြစ် ရွေးချယ်ထားတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလက မြောက်ကိုရီးယားရဲ့ ထောက်လှမ်းရေးဂြိုလ်တုလွှတ်မှုနဲ့အတူ နိုင်ငံဖြတ်ကျော် ပဲ့ထိန်းဒုံးတွေ စမ်းသပ်ပစ်လွှတ်ပြီးနောက် နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အခုလို ခန့်အပ်ကြောင်း ကြေညာချက်တွေ ထွက်ပေါ်လာတာပါ။ အသစ်ခန့်အပ်ခံရတဲ့…

ယူကရိန်းအရေး ဆွေးနွေးဖို့အသင့်ရှိကြောင်း ပူတင် ပြော

မော်စကို၊ ဒီဇင်ဘာ ၂၁ ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ယူကရိန်း၊ အမေရိကန်နဲ့ ဥရောပတို့က ယူကရိန်းအနာဂတ်အတွက် ဆွေးနွေးချင်တယ်ဆိုရင် ရုရှားက ပြင်ဆင်ထားမယ်လို့ ဆိုခဲ့ပြီး မိမိတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်သွားမယ်လို့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ယူကရိန်းသို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့တဲ့ ပူတင်ဟာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အသင့်ရှိကြောင်း…

တရားမဝင်ကုန်သွယ်မှုမှာ ဝန်ထမ်းတွေ ကိုယ်တိုင်ပါဝင်နေတယ်လို့ ဒုစစ်ခေါင်းဆောင်ဝန်ခံ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆ နိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ တရားမဝင် ကုန်သွယ်မှုတွေမှာ ဝန်ထမ်းတွေကိုယ်တိုင်က တရားမဝင် ကုန်စည်တွေကို ငွေကြေးရယူ ဖြတ်သန်းခွင့်ပြုတာ၊ ဖမ်းဆီးတာမလုပ်ဘဲ မျက်ကွယ်ပြုပြီး လာဘ်ငွေရယူ စေလွှတ်နေတယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။ ဒီဇင်ဘာ ၁၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။…

မွန်ပြည်ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး လူထုအတွက် တိုက်ပွဲဝင်သွားမယ်လို့ကြေညာ

ရေး၊ ဒီဇင်ဘာ ၁၆ တစ်နိုင်ငံလုံးအနှံ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ မြိုင်ဆိုင်ချိန်မှာပဲ မွန်တစ်ပြည်လုံးရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းပြီး လူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မွန်တော်လှန်ရေးအဖွဲ့အစည်းနှစ်ရပ်က ပူးတွဲကြေညာပါတယ်။ စစ်အာဏာသိမ်းကာလမှာ မွန်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တော်လှန်ရေးတပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF က မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကိုခံယူပြီး မွန်ပြည်တပ်အဖြစ် ရပ်တည်သွားမယ်လို့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ…

လုံခြုံရေးအကြောင်းပြချက်နဲ့ မော်လမြိုင်တောင်ဝိုင်းတောင်တက်ခွင့် အချိန်ကန့်သတ်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆ မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်တက်လမ်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားခွင့် အချိန်ကန့်သတ်လိုက်ကြောင်း စစ်ကောင်စီဘက်က ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ စစ်ကောင်စီရဲ့ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လတ်တလောအခြေအနေအရလို့ဆိုပြီး တောင်ဝိုင်းတောင်တက်လမ်းကို နေ့စဉ် ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့…

KNU မုန်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦး သေဆုံး ၇ ဦး ဒဏ်ရာရ

မုန်း၊ ဒီဇင်ဘာ ၁၆ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးသေဆုံးပြီး အရပ်သားပြည်သူ ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ KNU မုန်းမြို့နယ်ရှိ နယ်နိမိတ်ကျေးရွာထဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က…

ကော့ကရိတ်မှာ လက်နက်ကြီးကျလို့ ဆရာတော်တစ်ပါးပျံလွန်

ကော့ကရိတ်၊ ဒီဇင်ဘာ ၁၅ ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ် တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆရာတော်တစ်ပါးပျံလွန်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကောကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲထားရာနေရာတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး KNLA တော် လှန်ရေးအင်အားစုအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီဇင်ဘာ ၁၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ တိုက်ပွဲအတွင်း ဒီဇင်ဘာ ၁၃…