ဘန်ကောက်၊ဒီဇင်ဘာ ၂၇

ဂျပန်နိုင်ငံရဲ့ ကားထုတ်လုပ်ရေးအဖွဲ့တွေဟာ လာမယ့် ၅ နှစ်အတွင်း ထိုင်းနိုင်ငံမှာ ဒေါ်လာ ၄ သန်းကျော်လာရောက်ရင်းနှီးမြှုပ်နှံသွားဖို့ရှိတယ်လို့ ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တိုယိုတာနဲ့ဟွန်ဒါတို့က ဘတ်ငွေသန်း ၅၀ စီရင်းနှီးမြှုပ်နှံသွားမှာဖြစ်သလို Isuzu က ဘတ်ငွေ သန်း ၃၀နဲ့ Mitsubishi က ဘတ်ငွေသန်း ၂၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရပြော ရေးဆိုခွင့်ရှိသူ ချိုင်ဝါချာရိုကီက ပြောခဲ့ပြီး အဲဒီထဲမှာ ကုန်တင် Pick up လျှပ်စစ်ကားတွေလည်း ပါဝင်မှာပါ။ 

ဒီအစီစအဉ်ဟာ ထိုင်းဝန်ကြီးချုပ် ဆာရီထာသာဗီဆင်ရဲ့ ဂျပန်ခရီးစဉ်အပြီး ထွက်ပေါ်လာတာ ဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ခရီးစဉ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ ပြီးဆုံးထားတာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယအကြီးဆုံးကားထုတ်လုပ်တဲ့နိုင်ငံဖြစ်ပြီး ဒေသတွင်းကို လည်းတင်ပို့နေသလို ဂျပန်ဟာ ထိုင်းရဲ့ ကားထုတ်လုပ်ရေးကဏ္ဍမှာ ရာစုနှစ်နဲ့ချီပြီးစိုးမိုးနေ တဲ့နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ထိုင်းကားထုတ်လုပ်ရေးကဏ္ဍကို မကြာသေးခင်က တရုတ်လျှပ်စစ်ကားထုတ်လုပ်သူ တွေလည်း လာရောက်ရင်းနှီးမြှုပ်နှံကြတယ်လို့ သိရပါတယ်။

ဂျပန်ကားထုတ်လုပ်ရေးအဖွဲ့တွေရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ လောင်စာသုံးအင်ဂျင်တွေကနေ လျှပ်စစ် ကူးပြောင်းရေးဖြစ်တဲ့ ထိုင်းအစိုးရရဲ့မူဝါဒကို ပံ့ပိုးပေးနေတာဖြစ်တယ်လို့ မစ္စတာချိုင်က ပြောခဲ့ ပါတယ်။ 

ထိုင်းနိုင်ငံဟာလာမယ့် ၂၀၃၀ ခုနှစ်မှာ နှစ်စဉ်ကားထုတ်လုပ်မှုရဲ့ သုံးပုံခန့်ကို လျှပ်စစ်ကားအဖြစ် ပြောင်းလဲထုတ်လုပ်ဖို့ မျှော်မှန်းထားပြီး လျှပ်စစ်ကားထုတ်လုပ်မယ့် ကုမ္ပဏီတွေကိုလည်းရင်းနှီး မြှုပ်နှံကြဖို့ မက်လုံးပေးထားတယ်လို့ သိရပါတယ်။

ဒီလအတွင်းမှာလည်း ထိုင်းဝန်ကြီးချုပ်ဟာ အမေရိကန် လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီဖြစ် တဲ့ Tesla အမှုဆောင်တွေကို ထိုင်းနိုင်ငံအတွင်းမှာ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလုပ် ဆောင်ဖို့ ပြသထားတယ်လို့ သိရပါတယ်။ 

ပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမယ်အခြေအနေတွေနဲ့ ပတ်သက်ပြီး Toyota ၊ Honda၊ Isuzu နဲ့ Mitsubishi တို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့မရှိခဲ့ဘူးလို့ မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.