ပဲခူး – ဒီဇင်ဘာ ၂၅
အမြန်လမ်းမှာ ယာဉ်မောင်းအိပ်ငိုက်ခဲ့လို့ ယာဉ်တိမ်းမှောက်ရာမှ ကိုရင်သုံးပါး ရဟန်း နှစ်ပါး အပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထား ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်ဘက်က နေပြည်တော်ကို မောင်းနှင်လာတဲ့ Toyota Hilux Surf အမျိုးအစားယာဥ်ဟာ မိုင်တိုင်အမှတ်(၅၇/၀) ဖာလုံကြား အရောက်မှာ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်မှာပါလာတဲ့ ယာဉ်မောင်း၊ရဟန်း ၂ ပါး၊ကိုရင် ၈ ပါး ကျောင်းသား ၃ ဦးထဲကနေ ရဟန်း ၂ ပါး၊ကိုရင် ၃ ပါး၊ ကျောင်းသား ၂ ဦး စုစုပေါင်း ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေကို EMS 192 လူနာတင်ယာဉ်နဲ့ ပဲခူးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်မီဒီယာ