ပါရီ၊ ဒီဇင်ဘာ ၂၆

ပြင်သစ်နိုင်ငံ ပါရီမြို့အနီးရှိ လေဆိပ်တစ်ခုမှာ အာဏာပိုင်တွေက လူကုန်ကူးမှုသံသယရှိနေလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ခရီးသည်တင်လေယာဉ်ကို ပြန်လည်ထွက်ခွာခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ အိန္ဒိယနိုင်ငံသား အများစုအပါအဝင် ခရီးသည်စုစုပေါင်း ၃၀၃ ဦး စီးနင်းလာခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံ နီကာရာဂွာသို့ ပျံသန်းဖို့အတွက် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ပြန်လည်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ရိုမေးနီးယားကုမ္ပဏီ Legend လေကြောင်းလိုင်းမှ ပြေးဆွဲတဲ့ A340 လေယာဉ်ကို ထွက်ခွာခွင့်ပြုပြီး လုပ်ထုံးလုပ်နည်း မမှန်တာကြောင့် ပြင်သစ်တရားသူကြီးတွေက ခရီးသည် ၃၀၀ ကျော်ရဲ့ ကြားနာမှုကို ဖျက်သိမ်းပေးလိုက်တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့ အရှေ့ဘက် ဗာထရီလေဆိပ်မှာ ပြင်သစ်အာဏာပိုင်တွေက လူကုန်ကူးမှုသံသယနဲ့ ပတ်သက်ပြီး ပါရီအစိုးရရှေ့နေရုံးက စွဲဆိုထားတဲ့ စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကြားနာစစ် ဆေးမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလေယာဉ်ဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ မနက်ပိုင်းက ပြန်လည်ထွက်ခွာမှာဖြစ်ပြီး ခရီးသည်အများစုရဲ့ မူလနေရာဖြစ်တဲ့ အိန္ဒိယနိုင်ငံ နီကာရာဂွာ ဒါမှမဟုတ် ဒူဘိုင်းသို့ သွားရောက်နိုင်တယ်လို့လည်း သိရပါတယ်။

ဒီလေယာဉ်ကို ရိုမေးနီးယား ကုမ္ပဏီ Legend လေကြောင်းလိုင်းက ပိုင်ဆိုင်ပြီး ကုမ္ပဏီရဲ့ရှေ့နေကတော့ လူကုန်ကူးမှုမှာ သူတို့အနေနဲ့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။

လူကုန်ကူးမှုဟာ ပြင်သစ်မှာ ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်ခံရနိုင်တာဖြစ်ပါတယ်။ “လူကုန်ကူးမှု” လို့သံသယရှိတဲ့ ခရီးသည်တွေကို ပြင်သစ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက် အိန္ဒိယနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးမှ ဝန်ထမ်းတွေဟာလည်း အိန္ဒိယ နိုင်ငံသားတွေရဲ့ အခြေအနေ သက်သာရာရစေဖို့အတွက် ပါရီမြို့အနီးရှိ လေဆိပ်ထဲမှာပဲ နေရာချထားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေခင်းက လူမှုမီဒီယာမှာဖော်ပြတဲ့ သတင်းတစ်ခုမှာ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လျင်မြန်တဲ့ ဖြေရှင်းချက်ကို ရရှိဖို့ ရှည်လျားသော ခရစ္စမတ်အားလပ်ရက်တွေမှာ လုပ်ဆောင်ပေးခဲ့ကြတဲ့ ပြင်သစ်အာဏာပိုင်တွေကို ကျေးဇူးတင်ရှိကြောင်း သံရုံးက ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

အိန္ဒိယခရီးသည်တွေဟာ အမေရိက ဒါမှမဟုတ် ကနေဒါကို တရားမဝင် ဝင်ရောက်ဖို့ ကြိုးပမ်းရာကနေ ဒီဖြစ်စဉ် ပေါ်ပေါက်ခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းဌာနတွေက ဖော်ပြကြပါတယ်။

အမည်မဖော်လိုတဲ့ အကြံပြုချက်တစ်ခုအရ ခရီးသည်တွေဟာ လူမှောင်ခိုဂိုဏ်းတစ်ခုရဲ့ သားကောင်တွေဖြစ် ဖွယ်ရှိတယ်လို့ အာဏာပိုင်တွေကို သတိပေးခဲ့ရာကတဆင့် အဲဒီဖြစ်စဉ်ပေါ်ပေါက်ခဲ့ရတာလည်း ဖြစ်ပါတယ်။

Ref: The Telegraph

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.