A Turkish special force police officer stands guard at ortakoy district near the Reina night club, on January 2, 2017 in Istanbul, one day after New Year gun attack. Thirty-nine people were killed early on January 1, 2016 when a gunman went on a rampage at an exclusive nightclub in Istanbul where revellers were celebrating the New Year. / AFP / OZAN KOSE (Photo credit should read OZAN KOSE/AFP via Getty Images)

အန်ကာရာ၊ ဒီဇင်ဘာ ၂၄

တူရကီရဲ့ခရိုင် ၃၂ ခုအတွင်း စစ်ဆင်ရေးတွေမှာ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်မှုရှိတယ်လို့ သံသယရှိသူ ၃၀၄ ဦးကို တူရကီအာဏာပိုင်တွေက ထိန်းသိမ်းထားကြောင်း ပြည်ထဲရေးဝန်ကြီး အယ်လီရာလီကာရာက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

သံသယရှိသူအများစုကို တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့သုံးမြို့ဖြစ်တဲ့ အန်ကာရာ၊ အစ္စတန်ဘူလ်နဲ့ အစ္စမာတို့မှာ  ထိန်းသိမ်းထားကြောင်း ဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်စပလပ်ဖောင်း X မှတဆင့် ပြောခဲ့ပါတယ်။

Operation Heroes-34 လို့ခေါ်တဲ့ အဲဒီစစ်ဆင်ရေးကို နိုင်ငံတစ်ဝှမ်းမှာ တစ်ပြိုင်နက်လုပ်ဆောင်ခဲ့ကြောင်း သူက ထပ်လောင်းပြောခဲ့ပါတယ်။

“ကျွန်တော်တို့ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ စည်းလုံးညီညွတ်မှုအတွက် အကြမ်းဖက်သမားတွေကို သူတို့ရဲ့ မျက်လုံးတွေကို ဖွင့်ခွင့်မပြုပါဘူး။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ကြိုးပမ်းမှုတွေနဲ့ ဆက်လက်တိုက်ပွဲ ဝင်သွားမှာပါ”လို့ သူကဆိုပါတယ်။

IS အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ အီရတ်နဲ့ ဆီးရီးယားတို့ရဲ့ နယ်မြေသုံးပုံတစ်ပုံကို ထိန်းချုပ်ထားကာ ပြန်လည်တုံ့ပြန်မှုတွေကြောင့် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်က အစ္စတန်ဘူလ်ရှိ နိုက်ကလပ်တစ်ခုအပါအဝင် တူရကီနိုင်ငံတစ်ဝှမ်း တိုက်ခိုက်မှုအများအပြားကို ပြုလုပ်ခဲ့ပြီး ဒီဖြစ်စဉ်တွေအတွင်း လူပေါင်း ၃၉ ဦး သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကာ့ဒ်စစ်သွေးကြွတွေဟာ အန်ကာရာရှိ အစိုးရအဆောက်အအုံများအနီးမှာ အောက်တိုဘာ ၁ ရက်က ဗုံးဖောက်ခွဲခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မကြာသေးမီရက်သတ္တပတ်များအတွင်း အာဏာပိုင်တွေ အစ္စလာမ္မစ်နိုင်ငံတော်နဲ့ ကာ့ဒ် စစ်သွေးကြွတွေအပေါ် စစ်ဆင်ရေးတွေ အရှိန်ဟုန်မြှင့်လုပ်ဆောင်ခဲ့ပါတယ်။

တူရကီဟာ ကာဒစ်စတန်အလုပ်သမားပါတီ (PKK) အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကာ ပြည်တွင်းနဲ့ အီရတ်မြောက်ပိုင်းမှာ တန်ပြန်တဲ့ စစ်ဆင်ရေးတွေကို ပုံမှန်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

Ref: Asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.