လောင်းလုံး၊ ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်း၊လောင်းလုံးမြို့ပေါ် မှာ ဖြစ်ပွားခဲ့တဲ့ နှက်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းမှာ လောင်းလုံးမြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့‌တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၂ ဦးနဲ့အတူ သေနတ် ၂ လက် ဆုံးရှုံးခဲ့ပါတယ်။

အဲဒီနောက် ညနေ ၄ နာရီခွဲအချိန်ခန့်မှာ လောင်းလုံးမြို့ရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့ နေရာသုံးခုကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် ၁ နာရီနီးပါးကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ၆ ဦး သေဆုံးခဲ့သလို M-16 ကျည် အတောင့် ၅၀၊ ကျည်ကဒ် ၂ ခုနဲ့ ဓား ၁ လက် သိမ်း ဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်တွေ စခန်းစွန့် ထွက်ပြေးသွားတာကြောင့် လောင်းလုံးမြို့ အထက် တန်းကျောင်းမှာ တပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်နဲ့ ညောင်ပင်လမ်းဆုံရှိ စစ်မှုထမ်းဟောင်းရုံးအပြင် သိမ်းဆည်းရမိခဲ့တဲ့ စစ်ယူနီဖောင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ လောင်းလုံမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် နှစ်ဖက်တိုက်ခိုက်မှုအတွင်း လက်နက်ကြီးထိမှန်ထာကြောင့် မြို့ခံဖြစ်တဲ့ ကိုစိုးသူနဲ့ မနှင်းနှင်းအေးတို့ လင်မယားနှစ်ဦး သေဆုံးခဲ့သလို အရပ်သားပြည်သူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ် တိုက်ခိုက်ခံရတာကြောင့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ အင်အား ၂၀ နီးပါး သဗျာကျေး ရွာဘက်ကို စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

လောင်းလုံးမြို့မှာ အခုလအတွင်း စစ်ကောင်စီတပ်က သဗျာ၊ စပ်ပြဲ၊ ညှင်းမှော်အပါအဝင် ကျေးရွာတွေက ဒေသခံနေအိမ်ရှိ ရွှေ၊ ငွေနဲ့တန်ဖိုးရှိပစ္စည်းတွေကို ဓားပြသဖွယ် အတင်းအဓမ္မသိမ်းယူသွားတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း လောင်လုံးမြို့အတွင်း ကင်းလှည့်ပြီးပြန်လာတဲ့ စစ်ကောင် စီတပ်ဖွဲ့တွေ စီးနင်လာတဲ့ကား မိုင်းဆွဲတိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.