Radio Than Lwin Times(18/12)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/dI4Hg3pcyFA
ကြာအင်းဆိပ်ကြီး – ဒီဇင်ဘာ ၂၁ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ အမှတ်(၂၈၃) ခြေလျင်တပ်ရင်း က ဒုတပ်ကြပ်တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဒီဇင်ဘာ ၁၉ ရက်နေ့က KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ အသက် ၂၃ နှစ်ရှိ ဒုတပ်ကြပ်ရဲကိုကိုဟာ MA-4 ပူးတွဲ…
ထီးလင်း – ဒီဇင်ဘာ ၂၁ မကွေးတိုင်း၊ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာအခြေစိုက် စစ်ကောင်စခန်းသိမ်းတိုက်ပွဲ တစ်ပတ်တာတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးပြီး ဖမ်းဆီး ရမိခဲ့သူတွေလည်းရှိတယ်လို့ ယောကာကွယ်ရေးတပ် – YDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်အစောပိုင်းထဲက ရေမျက်နီကျေးရွာရဲစခန်းမှာ အထိုင်ချ ထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်နေ…
တိုကျို၊ ဒီဇင်ဘာ ၂၂ ဂျပန်နိုင်ငံရဲ့ ၁၉၁၀-၁၉၄၅ ခုနှစ်အတွင်းက တောင်ကိုရီးယားနိုင်ငံကို သိမ်းပိုက်ပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေခံခဲ့ရသူတွေကို လျော်ကြေးပေးဖို့ ဂျပန်ကုမ္ပဏီ ၂ ခုကို တောင်ကိုရီးယား တရားရုံးချုပ်က စီရင်ချက်ချခဲ့ပေမယ့် ဂျပန်အစိုးရကတော့ ကန့်ကွက်ခဲ့ပါတယ်။ တောင်ကိုရီးယားတရားရုံးချုပ်က Mitsubishi Heavy Industries နဲ့ Nippon Steel ကော်ပိုရေး ရှင်းတို့ရဲ့ ၁၉၆၅ ခုနှစ်စာချုပ်ကို…
ဘန်ကောက်၊ ဒီဇင်ဘာ ၂၂ ထိုင်းနိုင်ငံရဲ့ တန်းတူညီမျှတဲ့ လက်ထပ်ထိမ်းမြားမှုဥပဒေမူကြမ်း လွှတ်တော်ကို တင်သွင်းဖို့လုပ်နေတဲ့ အစိုးရရဲ့ လုပ် ဆောင်မှုအပေါ် အတိုက်အခံပါတီက ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ Move Forward ပါတီအနေနဲ့လည်း အလားတူ ဥပဒေကြမ်းကို အဆိုပြုတင်သွင်းထားကြောင်း ပါတီခေါင်းဆောင် ချိုင်ထဝတ်ကျူလာတွန်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ အစိုးရအိမ်တော်မှာ အငြင်းအခုန်ဖြစ်ခဲ့တဲ့ အရေးပေါ် အကြောင်းအရာဖြစ်တဲ့ တန်းတူညီမျှတဲ့ လက်ထပ်ထိမ်း…
နယူးဒေလီ၊ ဒီဇင်ဘာလ ၂၂ အိန္ဒိယနိုင်ငံရဲ့ အခါးသက်ဆုံးနဲ့ သဘောထားကွဲလွဲမှုအဖြစ်ဆုံး ဘာသာရေးပြဿနာတွေထဲက တစ်ခုဖြစ်တဲ့ ဟိန္ဒူဘာသာရေးဆုတောင်းသူတွေရဲ့ ဗာရာနာဆီမြို့ မှာ ဗလီတည်ရှိမှု ခွင့်ပြုပေးနိုင်ခြင်း ရှိမရှိ ကို အိန္ဒိယတရားရုံးတော်က ဆုံးဖြတ်ချက် ချမှတ်တော့မယ်လို့ သိရပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဂျန်ဗာပီဗလီဟာ မဂိုအင်ပါယာဖြစ်ပေါ်ခဲ့တဲ့ ၁၇ ရာစုအတွင်း ဆောက်လုပ်ခဲ့ပြီး နိုင်ငံတဝှမ်းက ဟိန္ဒူဘာသာဝင်တွေရဲ့ ဂင်္ဂါမြစ်ကမ်းအနီး သဂြိုဟ်အခမ်းအနားတွေ ကျင်းပတဲ့မြို့တော်မှာ…
ရေဖြူ၊ ဒီဇင်ဘာ ၂၁ တနင်္သာရီတိုင်း၊ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။ မောရဝတီရေတပ်စခန်းဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာ ကံပေါက်ဒေသကာ ကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တဲ့အတွက် ဌာနချုပ်အတွင်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တာပါ။ အဲဒီနောက် စစ်ကောင်စီတပ်ဟာ…
မော်လမြိုင်၊ ဒီဇင်ဘာ(၂၁) AAPP ရဲ့ ဒီဇင်ဘာ(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၀၅၃) ရက်အတွင်း ပြည်သူ (၄၂၆၂) ဦးအထိ အကြမ်း ဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၅၅၈၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၅၇၉၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…
စစ်တွေ၊ ဒီဇင်ဘာ ၂၁ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေး ဝါးကိစ္စအပေါ် စစ်ကောင်စီစွပ်စွဲချက်ဟာ မိမိတို့အဖွဲ့အစည်းနဲ့ လုံးဝပတ်သက်မှုမရှိဘူးလို့ ရက္ခိုင့်တပ်တော် AA က ငြင်းဆိုပါတယ်။ ဒီဇင်ဘာ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း ငွေကျပ် ၅၁ ဒဿမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ်နှစ်တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်းကဖီး ကီလို ၈၀၀ နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို…