ဘန်ကောက်၊ ဒီဇင်ဘာ ၈
ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပနေတဲ့ ထိုင်းသင်္ကြန်ပွဲတော်(ဆုန်ကရန်)ကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုအဖွဲ့က တရားဝင်အသိအမှတ်ပြုလိုက်တယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့က ဘော့ဆွာနာမှာ ပြုလုပ်တဲ့ မမြင်သာတဲ့ ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ်စောင့်ရှောက်ရေးအတွက် နိုင်ငံတကာ အစိုးရတွေရဲ့ ကော်မတီအစည်းအဝေးမှာ အသိအမှတ်ပြုမှုကို တရားဝင်ကြေညာခဲ့တာပါ။
ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနကတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ဘန်ကောက်မြို့တော်ခမ်းမမှာ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကျင်းပဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ယူနက်စကို စာရင်းသွင်းဖို့လျှောက်လွှာကို အရင်အစိုးရက ၂၀၂၀ ခုနှစ်မတ်လမှာ ပထမဆုံး တင်သွင်းခဲ့တာဖြစ်ပြီး အသိအမှတ်ပြုမှုရရှိရေး ကမ်ပိန်းမှာ ပါဝင်သူအားလုံးကို လက်ရှိ ဝန် ကြီးချုပ် ဆာရီထာ သာဗီဇင်က ကျေးဇူးတင်တယ်လို့ အစိုးရအဖွဲ့ပြောခွင့်ရ ချိုင်းဝက်ခ်ဂျာရွန် က ပြောပါတယ်။
ထိုင်းသင်္ကြန်ပွဲတော်ဟာ ဘိုးဘေးဘီဘင်တွေဆီက ကျေးဇူးတရားရဲ့ တန်ဖိုးကို ထင်ထပ်စေပြီး စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကိုဖော်ညွှန်းတဲ့ မျိုးဆက်တစ်ခုမှ တစ်ခုသို့ အစဉ်ဆက်လုပ်ဆောင် လာခဲ့တဲ့ ရိုးရာအဖြစ် ဝန်ကြီးချုပ်က ပြောခဲ့တယ်လိုလ့ည်း မစ္စတာချိုင်းက ဆိုပါသေးတယ်။
ဒါ့အပြင်သက်ကြီးရွယ်အိုတွေနဲ့ မိသားစုရဲ့ အရေးပါမှုကို လေးထားတာကြောင့် ဆုန်ကရန်ဟာ အထီးကျန်မှုနဲ့ လူမှုရေးဖယ်ကျဉ်မှုတွေကို တိုက်ဖျက်ဖို့ကူညီပေးတယ်လို့အစိုးရက အသိပေး ထားပါတယ်။
ဆုန်ကရန်ပွဲတော်မှာ အခမ်းအနားနဲ့ သံဃာတော်တွေကိုဆွမ်းကပ်တာ၊သက်ကြီးရွယ်အိုတွေကို ခြေလက် ဆေးကြောသန့်စင်ပေးတာ၊ယဉ်ကျေးမှု ဖျော်ဖြေပွဲတွေနဲ့ ရေပတ်ကစားတာတွေပါဝင် ပါတယ်။
ထိုင်းအစိုးရက နှစ်စဉ် သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပလေ့ရှိ ပေမယ့် လာမယ့် ၂၀၂၄ ခုနှစ် သင်္ကြန်ပွဲတော်(ဆုန်ကရန်)ကိုတော့ ဧပြီလတစ်လလုံးကျင်းပသွား မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။
Ref:Bangkok post