ဝါရှင်တန်၊ ဒီဇင်ဘာ ၈

တရုတ်စစ်သင်္ဘောတွေ ကမ္ဘာဒီးယားရဲ့အဓိကရေတပ်အခြေပြုနေရာတွေမှာ သီးသန့်ထိန်းချုပ် မယ့်တရုတ်ရဲ့ အစီအစဉ်တွေကို စောင့်ကြည့်နေတယ်လို့ အမေရိကန်နိုင်ငံ ခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ကမ္ဘောဒီးယားရဲ့ရိမ်ရေတပ်စခန်းကို တရုတ်စစ်သင်္ဘောတွေ ဆိုက်ရောက်လာပြီး သင်တန်း အတွက်ပြင်ဆင်နေတာဖြစ်တယ်လို့ ခမာကာကွယ်ရေးဝန်ကြီးက သူရဲ့လူမှုကွန်ရက်စာမျက်နှာ မှာ ဒီဇင်ဘာလ ၃ ရက်နေ့က ဖော်ပြထားပါတယ်။

တရုတ်စစ်သင်္ဘောတွေရောက်ရှိလာတာဟာ ကမ္ဘောဒီးယားခေါင်းဆောင်နဲ့ တရုတ်ဗဟိုစစ်ရေး ကော်မရှင်ဒုတိယ ဥက္ကဋ္ဌတို့ရဲ့ အစည်းအဝေးကျင်းပဖို့ ဖြစ်တယ်လို့ ဝါရှင်တန်အခြေစိုက် RFA သတင်းဌာနက အစီရင်ခံထားပါတယ်။

“ကျွန်ုပ်တို့ အနေဖြင့် ဒီဖွံ့ဖြိုးတိုးတက်မှုတွေအတွက် မှတ်ချက်မရှိသော်လည်း ရိမ်ရေတပ် အခြေပြုစခန်းမှာ အထူးသီးသန့်ထိန်းချုပ်မှု တွေ ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ တရုတ်ပြည့်သူ့ သမ္မတနိုင်ငံရဲ့ အစီအစဉ်ကို စိုးရိမ်မိပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောခဲ့ပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ ရိမ်ရေတပ်စခန်းက တရုတ် စစ်တပ်ရဲ့ တည်ရှိမှု ဒါမှမဟုတ် ထိခိုက်လွယ်တဲ့ နည်းပညာတွေကိုခွင့်မပြုဖို့လည်း အမေရိကန်က တောင်းဆိုထားပါတယ်။

RFA ရဲ့အစီရင်ခံမှုမှာတော့ တရုတ်စစ်ရေယာဉ်ဘယ်လောက် ဆိုက်ကပ်ထားတယ်ဆိုတာ မသိရသေးပေမယ့် ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးရဲ့ လူမှုကွန်ရက်စာမျက်နှာအရ ၂ စင်းဖြစ်တယ်လို့ ဆိုထားသလို ဒီဇင်ဘာလ ၃ ရက်နေ့ ကောင်းကင်ဓာတ်ပုံတွေအရလည်း အဲဒီဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘော ၂ စင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယားအစိုးရအနေနဲ့ ရိမ်ရေတပ်အခြေစိုက်စခန်းကို ဖွံ့ဖြိုးအောင်ဆောင်ရွက်ဖို့ တရုတ် ဘက်ကိုခွင့်ပြုပေးလိုက်တာဟာ ဝါရှင်တန်နဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် မကျေနပ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ သိရပါတယ်။

ပင်တဂွန်ကတော့ တရုတ်စစ်တပ်ဟာ မြောက်ဘက်နေရာတွေကို အခြေချစခန်းချဲ့ထွင်ပြီး သီးသန့်ထိန်းချုပ်မယ့် အစီအစဉ်ရှိတယ်လို့ ဆိုထားသလို ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေဟာ အစီအမံနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောတာမရှိသေးဘူးလို့ ပြောထားသလို ပွင့်လင်းမြင်သာ မှုမရှိဘူးလို့လည်း ဆိုထားပါတယ်။

ကမ္ဘောဒီးယားကတော့ သူ့ရဲ့မြေပေါ်မှာ တရုတ်စစ်တပ်အခြေချမှုကိုခွင့်ပြုတာ၊တစ်ဦး တစ်ယောက်ဆီမှ စစ်ရေးဆိုင်ရာ အကူအညီတွေကို ရယူဖို့ ရိမ်အခြေချစခန်းရှိ အဆောက်အအုံ တွေကို သုံးစွဲခွင့်ပြုတာကိုတော့ ငြင်းဆိုထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကလည်း ကမ္ဘောဒီးယားဟာ အမေရိကန်ထောက်ပံ့ပေးထားတဲ့ ရိမ်ရေတပ် အခြေချစခန်းက စက်ရုံကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.