Radio Than Lwin Times(4/12)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/Cb0xnmFGeCQ
လွိုင်ကော် – ဒီဇင်ဘာ ၅ ကရင်နီပြည်နယ်၊လွိုင်ကော်မှာ မြို့သိမ်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရတာတွေရှိလာတဲ့အတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဖမ်းဆီးအရေးယူတာတွေရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့နောက်ပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်က မင်္ဂလာရပ်ကွက်နဲ့ နောင်ယား ရပ်ကွက်တွေက ပြည်သူပိုင်နေအိမ်တွေဆက်တိုက်ဖောက်ထွင်း ခံနေရတာပါ။ ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းခိုးယူသူတွေထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့…
ဆိုးလ်၊ ဒီဇင်ဘာ ၆ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်က နိုင်ငံရဲ့အာဏာကို ခိုင်မာအားကောင်းစေဖို့နဲ့ ပြည်တွင်းမှာ ကလေးမွေးဖွားနှုန်း ကျဆင်းလာမှု တားဆီးဖို့ အမျိုးသမီးတွေရဲ့တာဝန်သာ ဖြစ်တဲ့အတွက် ကလေးများများ ပိုမိုမွေးကြဖို့ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားရဲ့ လူဦးရေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိဖို့ အလွန်ခက်ခဲပေမယ့် သူတို့ထုတ်ပြန်တဲ့ ကန့်သတ်ကိန်းဂဏန်းတွေအရ မြောက်ကိုရီးယားရဲ့ ကလေးမွေးဖွားနှုန်းဟာ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း ဆက်တိုက်ကျဆင်းလာတယ်လို့ တောင်ကိုရီးယားအစိုးရက…
မနီလာ၊ ဒီဇင်ဘာ ၆ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးချက်တွေအရ သိရပေမယ့် အစည်းအဝေးတွေကို အွန်လိုင်းစနစ်နဲ့ ကျင်းပသွားမယ်လို့ သမ္မတရုံးက အသိပေး ထားပါတယ်။ မားကိုစ့်ဟာ ၅ ရက်ကြာ သီးသန့်နေထိုင်သွားမှာဖြစ်ပြီး ဘယ်လိုဗိုင်းရပ်စ်အမျိုးအစားကူးစက်ခံ ထားရတယ်ဆိုတာကိုတော့ သမ္မတရုံးက အတည်မပြုထားပါဘူး။ “သမ္မတဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်သွားမှာဖြစ်မှာပြီးတော့ ချိန်းဆိုထားတဲ့ အစည်းအဝေးတွေကို တယ်လီကွန်ဖရန့်ကတဆင့် ကျင်းပမှာဖြစ်ပါတယ်”လို့…
ဝါရှင်တန်၊ ဒီဇင်ဘာ ၆ ယူကရိန်းကို လက်နက်နဲ့ အကူအညီတွေပေးပို့ဖို့ ရန်ပုံငွေဟာ ဒီနှစ်ကုန်ပိုင်းမှာ ကုန်ဆုံးတော့ မှာဖြစ်တာကြောင့် စစ်ပွဲအရေးနိမ့်သွားနိုင်တယ်လို့ အမေရိကန် စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ရုံး ဒါရိုက်တာ ရှာလန်ဒါယမ်းက သတိပေးလိုက်ပါတယ်။ ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှု ခုခံကာကွယ်နေတဲ့ စစ်ပွဲရပ်တန့်သွားနိုင်တယ်လို့ဆိုပြီး ကွန်ဂရက်လွှတ်တော်ထံ ဒီဇင်ဘာ ၅ ရက်နေ့မှာ အရေးပေါ်သတိပေးချက် ပေးပို့ခဲ့တာပါ။ “ယူကရိန်းစီးပွားရေး ပြိုကျရင်…
ပုလဲ – ဒီဇင်ဘာ ၅ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က ပျူစောထီးတစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ကျောင်းသား တပ်မတော် ABSDF ထံ လက်နက်ခဲယမ်းနဲ့ ပထမဆုံးအလင်းဝင်ရောက်လာတယ်လို့ ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ် ၃…
ရန်ကုန် – ဒီဇင်ဘာ ၅ ရန်ကုန်မြို့မှာ စစ်ကောင်စီစခန်းချရာ နေရာတွေကို တိုက်ပွဲတွေ စတင်ဖော်ဆောင်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၅ရက်နေ့မှာ ရန်ကုန်အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့က ကြေညာလိုက်ပါတယ်။ အနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီဇင်ဘာ ၅ရက် နံနက် (၇) နာရီဝန်းကျင်မှာ စစ်ကောင်စီလက်အောက်ခံ သု၀ဏ္ဏ မြို့မရဲစခန်းကို အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ မိတ်ဖက်အဖွဲ့တွေက ပြင်းအားမြင့်မိုင်းနဲ့ ပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တယ်လို့…
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် /အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “KNDF ဒုစစ်ဦးစီးချုပ်မာဝီ ဒဏ်ရာပြင်းထန်ရတယ်ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့်…
မြိတ်၊ ဒီဇင်ဘာ ၅ တနင်္သာရီတိုင်း၊ မြိတ်နဲ့တနင်္သာရီမြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်း တစ်ခုအပါအဝင်လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်က မြိတ်မြို့မှ တနင်္သာမြို့ကို လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ စစ်ကောင်စီကား ၃ စီးကို…