December 2, 2023

အပစ်ရပ်ထားတဲ့ ဂါဇာမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား

ဂါဇာ ၊ဒီဇင်ဘာ ၃ ဟားမတ်စ်တို့နဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးတဲ့နောက် ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုတွေ ပြန်လည်လုပ်ဆောင်လာခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ စစ်ပွဲတွေရပ်တန့်ဖို့ ကြိုးပမ်းမှုတွေကို ရှုပ်ထွေးစေတယ်လို့ ကြားဝင်ဖျန်ဖြေပေးသူတွေက ပြောကြားထားပြီး ဒီဇင်ဘာ ၂ ရက်နေ့ကစလို့ ဂါဇာဒေသမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာပါ။ ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာတည်ရှိတဲ့ ခမ်ယွန်းနစ်အရှေ့ပိုင်းဒေသတွေမှာ အပစ်အခတ်ရပ်စဲရေး နောက်ဆုံးရက်ဖြစ်တဲ့ ဒီဇင်ဘာ ၁ ရက်နေ့…

​​လွှတ်တင်ထားတဲ့ ဂြိုလ်တုတွေကို နှောင့်ယှက်ရင် စစ်ကြေညာတာပဲလို့ မြောက်ကိုရီးယား သတိပေး

ပြုံယမ်း၊ ဒီဇင်ဘာ ၃ မြောက်ကိုရီးယားက သူတို့ လွှတ်တင်ထားတဲ့ ထောက်လှမ်းရေးဂြိုလ်တုတွေကို နှောင့်ယှက်မှုတွေ လုပ်ဆောင်ပါက စစ်ကြေညာတာပဲလို့ မှတ်ယူမှာဖြစ်ကြောင်း ဒီဇင်ဘာ ၂ရက်က သတိပေးလိုက်ပါတယ်။ သူတို့ရဲ့ မဟာဗျူဟာဆိုင်ရာပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ခံရဖို့ သေချာလာပြီဆိုရင် စစ်ရေးအရ တားဆီးရေး အင်အားစုဆောင်းထားမယ်လို့လည်း ပြောကြားပါတယ်။ အမေရိကန်က အာကာသထဲမှာ မိမိတို့ကို နှောင့်ယှက်လာခဲ့မယ်ဆိုရင် အမေရိကန် ဂြိုလ်တုတွေကို ရှင်းပစ်မှာ ဖြစ်တယ်လို့…

ကမ္ဘာ့ဘဏ်က ရာသီဥတုဆိုင်ရာ ရန်ပုံငွေ စတင်

ဒူဘိုင်း၊ ဒီဇင်ဘာ ၃ ကမ္ဘာ့ဘဏ်ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေလည်ပိတ်နိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး ငွေကြေး အမှန်တကယ်သုံးစွဲမှုကို အလှူရှင်တွေနဲ့ လက်ခံမယ့်သူတွေက ထိန်းချုပ်ဖွယ်ရှိတယ်လို့ ဖွံ့ဖြိုးတိုးတက်ရေးချေးငွေအဖွဲ့ အကြီးအကဲက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒူဘိုင်းမှာကျင်းပတဲ့ ကုလသမဂ္ဂရဲ့ COP28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံတွေအတည်ပြုပေးခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံခဲ့ရတဲ့ နိုင်ငံတွေအတွက်…

ရေးမြို့နယ် ဇီးဖြူသောင်ရွာ မီးလောင်မှုကြောင့် နေအိမ် ၅၀ နီးပါး ပျက်စီး

မော်လမြိုင်၊ ဒီဇင်ဘာ ၂ မွန်ပြည်နယ် ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာမှာ ဒီနေ့ ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မီးလောင်မှုဟာ ဇီးဖြူသောင်ကျေးရွာ အမှတ်(၁) ရပ်ကွက် သဲပုံစေတီအနီးရှိ ကိုဇော်ဦး နေအိမ်မှာ ထင်းမီးနဲ့…

NUG အမှတ်တံဆိပ်သုံးပြီး သတင်းအတုများဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာ သိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတှေ ဖြန့်ဝေနေတဲ့ လွိုင်ကော်တက္ကသိုလ် တွင် တိုက်ပွဲဖြစ်ပွားမှုအကြားမှ ကယ်တင်ထိန်းသိမ်းထားသည့် ပညာရေးဝန် ထမ်းများနှင့် မိသားစုဝင်များကို ကြာရှည်ထိန်းသိမ်းထားခြင်းမပြုလုပ်ဘဲ အမြန်ဆုံး ပြန်လွှတ်ပေးရန်…

မွန်ပြည်နယ်ရှိ ရတခတိုင်းမှူးနေအိမ်အပါအဝင် စစ်ရေးပစ်မှတ်လေးခု ဒရုန်းနဲ့တိုက်ခိုက်ခံရ

မော်လမြိုင် – ဒီဇင်ဘာ ၂ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး လျှို့ဝှက်နေအိမ်၊ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် နေအိမ်နဲ့ စစ်ရေးပစ်မှတ်လေးခုကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြည်နယ် ပကဖ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ဒီစစ်ဆင်ရေးကို မနေ့ ဒီဇင်ဘာ ၁ ရက် ည ၉ နာရီခွဲအချိန်ခန့်မှာ ရှာထူးဝေါ်နည်းပညာတပ်ဖွဲ့ (Alpha…

ဗိုလ်တထောင်မှာ သေနတ်ပြပြီး သိန်းတစ်ထောင်လုယက်ခံရ

ရန်ကုန် – ဒီဇင်ဘာ ၂ ရန်ကုန်တိုင်း၊ဗိုလ်တထောင်မြို့နယ်မှာ လူတစ်စုက အမျိုးသား ၂ ဦးကို သေနတ်ပြခြိမ်းခြောက် ဖမ်းဆီးပြီး ကျပ်ငွေ သိန်း ၁၀၀၀ လုယက်သွားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ဗိုလ်တထောင်မြို့နယ် ၈ ရပ်ကွက် မဟာဗန္ဓုလလမ်း နဲ့ ၄၁ လမ်းထိပ်မှာ အမျိုးသားနှစ်ဦးကို…

ရေဇွာမြို့သိမ်းနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုကို ပြည်သူတွေ ဂုဏ်ပြုကြိုဆို

မော်လမြိုင် – ဒီဇင်ဘာ ၂ ချင်းပြည်နယ်၊ရေဇွာမြို့သိမ်းနိုင်ခဲ့တဲ့ ချင်းတော်လှန်ရေးတပ်ပေါင်းစုကို ပြည်သူတွေ ဂုဏ်ပြု ကြိုဆိုခဲ့ကြတယ်လို့ Chinland Information Center က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရေဇွာမြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်း တွေကို CNA ရဲ့ စစ်ဦးစီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ မြို့သိမ်းတိုက်ပွဲကို CNA ကဦးဆောင်ပြီး…

ကရင်နီမှာ Federal Wings ဒရုန်းတပ်ဖွဲ့ တိုက်ပွဲဝင်နေပြီလို့ အသိပေး

လွိုင်ကော် – ဒီဇင်ဘာ ၂ ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ Federal Wings ဒရုန်းတပ်ဖွဲ့ဟာ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) ရဲ့ဦးဆောင်မှုနဲ့ ဝေဟင်တိုက်ပွဲတွေ စတင်ဆင်နွှဲနေပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ဆင်ရေးတွေကို ကရင်နီပြည် ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် (KPLA)၊ KA တပ်ရင်း-၁ ၊ PDF KNDF (ကလလတ) လက်အောက်ခံအဖြစ် Federal…