မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တသားတည်းရပ်တည်တယ်လို့ NUG ယာယီသမ္မတပြော
မော်လမြိုင် – နိုဝင်ဘာ ၁ ၁၀၂၇ စစ်ဆင်ရေးကို ဆင်နွှဲနေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့အတူ တသားတည်းရပ်တည်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၁ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၃၄ ကြိမ်မြောက် အစိုးရ အဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောခဲ့တာပါ။ “တိုက်ပွဲဝင်နေကြတဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင်…