November 25, 2023

အာဏာသိမ်းကာလအတွင်း ထိုင်းစစ်ခေါင်းဆောင် နှစ်ဦးရဲ့ ပိုင်ဆိုင်မှု ဘတ် ၂ သန်းနီးပါး တိုးလာ

ဘန်ကောက်၊ နိုဝင်ဘာ ၂၆ ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရရွတ်နဲ့ သူ့ရဲ့ဇနီးသည်တို့ဟာ ရာထူးသက်တမ်း ၉ နှစ်အတွင်း အသားတင်ပိုင်ဆိုင်မှု ဘတ် ၂ သန်းကျော် တိုးလာခဲ့တယ်လို့ The nation Thailand သတင်းစာရဲ့ဖော်ပြချက်အရ သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ပရရွတ်နဲ့အတူ လက်ထောက်ဖြစ်သူ ဒုဝန်ကြီးချုပ် ပရာဝတ် ဝန်ဆူဝန်ရဲ့ ပိုင်ဆိုင်မှုကလည်း အဲဒီအာဏာသိမ်း ၉…

အာရှအင်အားကြီးသုံးနိုင်ငံ ထိပ်သီးအစည်းအဝေးကျင်ပမယ်

ဆိုးလ်၊နိုဝင်ဘာ ၂၆ တရုတ်၊ဂျပန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ တွေ့ဆုံမယ့် ထိပ်သီးအစည်းအဝေးပြန်လည်စတင်ဖို့အတွက် သက်ဆိုင်ရာထိပ်တန်းသံတမန်တွေဟာ တောင်ကိုရီးယားနိုင်ငံမှာ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က စတင်ခဲ့တဲ့ သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေးကို ကိုဗစ်ကပ်ဘေးနဲ့ တခြားအခြေအနေတွေကြောင့် ၂၀၁၉ ခုနှစ်ကတည်းက မကျင်းပနိုင်တော့တာပါ။ အာရှထိပ်သီးသုံးနိုင်ငံဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာကဏ္ဍတွေမှာ မိတ်ဖက်အဖြစ် မှတ်ယူထားကြပေမယ့် ကမ္ဘာစစ်အတွင်းက ဂျပန်ရဲ့ ရက်စက်မှုတွေ၊ အမေရိကန်နဲ့…

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်

ပေကျင်း၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်မှာ နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး စစ်ရေးလေ့ကျင့်သွားတယ်လို့ တရုတ်ဘက်က အသိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က တရုတ်-မြန်မာနယ်စပ်မှာ ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်ကား ရာနဲ့ချီမီးလောင်ပျက်စီးတွေ ဖြစ်ပွားပြီးနောက် တရုတ်စစ်တပ်ဘက်က စစ်ရေးလေ့ကျင့်မယ့်အကြောင်း ထုတ်ပြန်လာတာပါ။ မြန်မာစစ်တပ်ဘက်ကတော့ ကုန်တင်ကားတွေ မီးလောင်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်လို့…

ရွှေပန်းကုံးရဲစခန်းသိမ်းတိုက်ပွဲမှာ စခန်းမှူးအပါအဝင် ၂၀ နီးပါးဖမ်းဆီးရမိ

ဝက်လက် – နိုဝင်ဘာ ၂၅ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာ နယ်မြေရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းမှူးအပါအဝင် ၁၆ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ NUG အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ရွှေပန်းကုံးရဲစခန်းကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး စစ်ကောင်စီ ဘက်က ၃ ဦးသေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။ တိုက်ပွဲအတွင်း လက်နက်ငယ်…

လားရှိုးက စစ်ကောင်စီ မိုင်းကျက်စခန်းကို TNLA သိမ်းပိုက်

လားရှိုး – နိုဝင်ဘာ ၂၅ ရှမ်းပြည်နယ်၊လားရှိုးမြို့အခြေစိုက် စစ်ကောင်စီမိုင်းကျက်တပ်စခန်းကို တအာင်းတမ်းမတော် PSLF/TNLA က သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစတင်ချိန်ကစတင်တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ ရက်နေ့ မနက် အစောပိုင်းမှာ တအာင်းတပ်မတော် TNLA က သိမ်းပိုက်ရရှိခဲ့တာပါ။ မိုင်းကျက်တပ်စခန်းအတွင်းက စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက် မျိုးစုံ ၇၈ လက်၊ကျည်ပေါင်းများစွာ၊ စစ်ကောင်စီတပ်သားတွေရဲ့အလောင်းမြုပ်နှံထားတဲ့…

ရခိုင်ပြည်နယ် မြေပုံမှာAAနဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံး

မြေပုံ – နိုဝင်ဘာ ၂၅ ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နိုဝင်ဘာ ၂၄ ရက်နေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ( ၁၀)ဦး သေ ဆုံးခဲ့တယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။ အဲဒီနေ့ နေ့လည် ၃ နာရီခန့်က စစ်ကောင်စီတပ်နဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား…

စစ်ကောင်စီတပ်စခန်း အမြောက်အများ အသိမ်းခံနေရချိန် PDF တွေ အကျအဆုံး များနေတယ်လို့ စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့် (အမှန်/အမှား)

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “စစ်အုပ်စုရဲ့ ရွှေကျင်တောင်ခြေစခန်းသိမ်းခံရတာမဟုတ်ဘူး။ PDF ၇၀ကျော် သေတယ်“ဆိုတဲ့ အ ကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကို နိုဝင်ဘာလ၂၀ရက်နေ့က မှိုင်းဝေ၊…

ဘားအံမြို့မှာ စစ်ကောင်စီလုံခြုံရေးတိုးမြှင့်

ဘားအံ၊ နိုဝင်ဘာ ၂၅ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံမြို့မှာလည်း စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ချထားသလို စစ်ဆေးမှုတွေ အရင်ကထက် ပိုမိုလုပ်ဆောင်လာတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးစတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA မဟာမိတ်ပူးပေါင်းအဖွဲ့တွေကြားမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေဟာ ဘားအံမြို့အပေါ်အထိ ကူးစက်လာမှာကို စိုးရိမ်တာကြောင့် စစ်ကောင်စီတပ်က…