ဘန်ကောက်၊ နိုဝင်ဘာလ ၂၂

ထိုင်းနိုင်ငံအတွင်း တရားမဝင်အေးခဲဝက်သားတွေ တင်သွင်းနေတဲ့ကိစ္စတွေ အဆုံးသတ်စေဖို့ သက်ဆိုင်ရာအစိုးရ အေဂျင်စီတွေကို ထိုင်းဝန်ကြီးချုပ်က အမိန့်ပေးလိုက်ပါတယ်။

ဒီလိုဖြိုခွင်းရာမှာ အသေးစားအရောင်းသမားတွေကို ဖမ်းဆီးတာထက် အကြီးစားဒိုင်တွေကို အာရုံထားဖို့ ထိုင်းဝန်ကြီးချုပ် ဆရီထာသာဗီဆင်က ဦးစားပေးပြောကြားခဲ့တာပါ။

ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနဲ့မွေးမြူရေးဝန်ကြီးဌာနအောက်ရှိ စိုက်ပျိုးရေး ဦးစီးဌာနတို့ဟာ တရားမဝင်ဝက်သားတင်သွင်းမှုကိစ္စတွေအတွက် တိုက်ရိုက်တာဝန်ရှိပြီး လုပ်ငန်းဆောင်ရွက်ရာမှာ တင်းမာ မှုမရှိတဲ့အတွက် ဝေဖန်ခံနေရပါတယ်။

အထူးသဖြင့် အခုနှစ်အစောပိုင်း ပြည်တွင်းဝက်သားဈေးမြင့် တက်လာချိန်မှာ ဝက်သားမှောင်ခိုဈေးကွက်တွေ ထွက်ပေါ်လာခဲ့တာပါ။

ထိုင်းဝန်ကြီးချုပ်ကတော့ အာဏာပိုင်တွေအနေနဲ့ ဥပဒေအရအရေးယူဆောင်ရွက်မှုတွေကို လျင်လျင် မြန်မြန်မလုပ်နိုင်လျှင် ဝက်သားတင်သွင်းတဲ့ အဓိကဒိုင်တွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းလို့ မရနိုင်အောင် ဖွက်ထားကြမှာ စိုးရိမ်ပူပန်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။  

ကုန်ကျစရိတ်မြင့်တက်လာမှုကြောင့် လုပ်ငန်းတွေကို ပိတ်သိမ်းလိုက်ကြတဲ့ အသေးစားနဲ့ အလတ်စား ဝက် မွေးမြူရေးသမားတွေကို ကူညီနိုင်ဖို့ အတိုင်းအတာတွေကို ဒုဘဏ္ဍာရေးဝန်ကြီးက ဆောင်ရွက်ပေးနေတယ်လို့ လည်း ဝန်ကြီးချုပ်ကပြောကြားထားပါတယ်။

ထိုင်းအကောက်ခွန်အာဏာပိုင်တွေအနေနဲ့ တရားမဝင်တင်သွင်းလာတဲ့ ဝက်သားတွေကို သယ်ဆောင်လာတဲ့ ကွန်တိန်နာ ၁၆၁ ပုံးကို ချွန်ဘူရီခရိုင်၊ လမ်ချဘန်း ရေနက်ဆိပ်ကမ်းမှာ သိမ်းဆည်းခဲ့ပြီး တရားမဝင်ကုန်စည် တင်သွင်းမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲခံထားရတဲ့ ကုမ္ပဏီငါးခုမှ အမှုဆောင်ခြောက်ဦးကို တရားစွဲဆိုထား တယ်လို့လည်း သိရပါတယ်။

ဘဏ္ဍာရေးအင်အားစုအဖွဲ့တစ်ခုကို အသုံးချကာ ထိုင်းနိုင်ငံအတွင်း အေးခဲဝက်သား တရားမဝင်ကုန်သွယ်ဖို့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲခဲ့ထားရတဲ့ နောက်ထပ် ကုန်သွယ်ရေး ကုမ္ပဏီ ၃ ခုကိုလည်း တရားစီရင်စစ်ဆေးမှုများပြုလုပ်ထားတယ်လို့ သိရပါတယ်။

Ref – Thai PBS World

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.