မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့်ပြန်ကြားရေးဖေ့ဘုတ်“ဆိုပြီး စစ်တပ်ထောက်ခံသူတွေ ဖြန့်ချိနေတဲ့ သတင်းအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို နိုဝင်ဘာလ၃ရက်နေ့က Kyaw Swars၊ ဟန်ငြိမ်းဦးစတဲ့ ဖေ့ဘုတ်လူမှုကွန်ရက်၊ တယ်လီဂရမ်ချန်နယ်တွေနဲ့ Tiktok တွေမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်မှာတော့ ညီနောင် ၃ ဖွဲ့ရဲ့ Operation 1027 – 3 BHA ဖေ့စ်ဘွတ်စာမျက်နှာမှာ စစ်တပ်ထောက်ခံသူများ၏ ထိုးနှက်တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်နိုင် ခြင်းမရှိတော့ဘဲ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ စစ်ဆင်ရေးနာမည်တူဖြင့် ပေ့ချ်အတု အချိန်ကိုက်ထွက်ပေါ်နေကြောင်း နိုဝင်ဘာလ၁၀ရက်နေ့က ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။

ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့အသိပေးထုတ်ပြန်ချက် အပြည့်အစုံ လက်ရှိအသုံးပြုနေသော ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့်ပြန်ကြားရေးဖေ့ဘုတ် စာမျက်နှာ Operation 1027- 3BHA https://www.facebook.com/Operation1027 သည် ရန်သူ၏ ထိုးနှက်တိုက်ခိုက်မှုကြောင့် ဖေ့ဘုတ်တွင် တိုက်ပွဲသတင်းထုတ်ပြန်ခြင်းများကို ဆက်လက်ထုတ်ပြန်နိုင် ခြင်းမရှိတော့ဘဲ ယာယီကန့်သတ်ခံထားရပါသည်။

တစ်ချိန်တည်းတွင် ညီနောင်မဟာမိတ်၃ဖွဲ့ရဲ့ ဖေ့ဘုတ် စာမျက်နှာနှင့် အလားတူအမည် Operation 1027 (Northern Alliance) https://www.facebook.com/PDFMyanmarArt ဖြင့် အသုံးပြုနေသော ပေ့ချ်အတုတစ်ချို့လည်း အချိန်ကိုက်ထွက်ပေါ်လာနေသည်ကို တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် လက်ရှိတွင် Operation 1027 စစ်ဆင်ရေး ၁၀၂၇ နှင့်ပတ်သက်၍ တိုက်ပွဲသတင်းများကို တရားဝင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သောTelegram ချန်နယ်လင့်https://t.me/threebrotherhoodallianceနှင့်Twitterချန်နယ်လင့် https://twitter.com/operation1027 VKပေ့ချ်လင့် https://vk.com/mndaa_tnla_aaတို့ကသာ တင်ဆက်ထုတ်လွှင့်ပေးလျက်ရှိသည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ (MNDAA( + TNLA + AA)က အသိပေးထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ညီနောင်မဟာမိတ် (၃) ဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/izBV9

Peoples spring သတင်းဌာနကဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/sGRS2

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့်ပြန်ကြားရေးဖေ့ဘုတ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.