ဝါရှင်တန်၊ နိုဝင်ဘာ ၁၀
ဂါဇာကမ်းမြောင်ဒေသရှိ ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေ၊ အကြမ်းဖက်မှုတွေကို ထောက်ရှု့ကာ ပါလက်စတိုင်း ခရီးသွားတွေ၊ ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို အမေရိကန်မှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့အတွက် ဒီမိုကရက်တစ်လွှတ်တော်အမတ်တစ်စုက သမ္မတ ဂျိုးဘိုင်ဒင်ကို နိုဝင်ဘာ ၈ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ် ဒါဘင်ဦးဆောင်တဲ့ ဒီမိုကရက်တစ် အမတ် ၁၀၀ ကျော်က ဘိုင်ဒင်ကို စာပေးပို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
စာထဲမှာတော့ အစ္စရေးသိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းနယ်မြေတွေမှာ နေထိုင်သူတွေအား နေရပ်ပြန်ပို့ခြင်းမှ ကယ်ဆယ်ဖို့နဲ့ ဇာတိမြေမှာ ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားခဲ့ရတဲ့လူတွေ အတွက် အလုပ်လုပ်ကိုင်ခွင့်ရရှိဖို့ ပါဝင်ပါတယ်။
“ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိပြီး သား ပါလက်စတိုင်းတွေကို သမ္မတဘိုင်ဒင်က အကာအကွယ်ပေးဖို့ ကတိကဝတ်တွေနဲ့အညီ ပါလက်စတိုင်းနယ်မြေတွေကို အတင်းအကျပ်ပြန်ခိုင်းတာမျိုး မဖြစ်သင့်ပါဘူး” လို့ လွှတ်တော်အမတ်တွေက ရေးသားပေးပို့ခဲ့ကြတာပါ။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်တွေဟာလည်း အမေရိကန်မှာရှိပြီးသား ပါလက်စတိုင်း တွေအတွက်သာ ရရှိနိုင်မှာဖြစ်ပြီး စစ်ပွဲဇုန် ဒါမှမဟုတ် အခြားနိုင်ငံတွေက ဒုက္ခသည်များအတွက် မပါဝင်ဘူးလို့ သိရပါတယ်။
အမေရိကန်မှာ ပါလက်စတိုင်းဦးရေဘယ်လောက်ကို အကာအကွယ်ပေးထားမယ်ဆိုတာကို လည်း ရှင်းရှင်း လင်းလင်း မသိရပါဘူး။
ဂါဇာကမ်းမြောင်ဒေသရှိ လူဦးရေ ၂ ဒသမ ၃ သန်းရဲ့ သုံးပုံနှစ်ပုံဟာ တိုက်ပွဲတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂရဲ့ကိန်းဂဏန်းတွေအရ သိရပါတယ်။
အဲဒီကယ်ဆယ်ရေး အစီအစဉ်ကို ယာယီအကာအကွယ်ပေးခြင်း ပရိုဂရမ်တွေအသုံးပြုဖို့ ဥပဒေ ပြုအမတ်တွေက ဘိုင်ဒင်ကို တောင်းဆိုခဲ့ပါတယ်။ ဘိုင်ဒင်ဟာ ဗင်နီဇွဲလားနဲ့ဟေတီ လူမျိုးတွေ အပါအဝင် ၂၀၂၁ ခုနှစ်မှာ အာဏာရလာကတည်းက လူထောင်ပေါင်းများစွာကို အဲဒီပရိုဂရမ် ဖြင့် ခွင့်ပြုခဲ့တာပါ။
သမ္မတဟောင်းထရန့်အပါအဝင် ရီပတ်ဘလီကန်သမ္မတလောင်းအချို့က ဂါဇာမှလာတဲ့လူတွေ ကို လူဝင်မှုကြီး ကြပ်ရေးကန့်သတ်ချက်ကို ဥပဒေကိုထောက်ခံလိုက်တာကြောင့် ဘိုင်ဒင်အပေါ် အခုလို ဒီမိုကရက်တစ်ဖိအား ပေးမှုတွေက ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ရီပတ်ဘလီကန် ကိုယ်စားလှယ် ရိုင်ယမ်ဇင်ကီနဲ့ အခြားသော ရီပတ်ဘလီကန်အမတ် ၁၀ ဦးတို့က လုံခြုံရေးအကြောင်းပြချက်နဲ့ ပါလက်စတိုင်းတွေကို အမေရိကန်မှ နှင်ထုတ်မယ့် ဥပဒေကြမ်းကို တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒီမိုကရက်တွေ၊ နိုင်ငံသားအခွင့်အရေးတွေနဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေအတွက် ထောက်ခံသူ အချို့နဲ့အတူ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဘေးလ်ပါစကယ်က အဲဒီဥပဒေကြမ်းကို “လုံးဝ စက်ဆုပ်ဖွယ်ကောင်းတယ်” လို့ ဝေဖန်ခဲ့ပါတယ်။
Ref: Reuters