“စစ်တပ်ထဲမှာ တိုင်းရင်းသားတွေအကုန်လုံးသာ တိုက်ကြမယ်ဆိုရင် စစ်တပ်ကထိန်းနိုင်ဖို့ ခက်တယ်ဆိုတာ စစ်သားတိုင်းသိပါတယ်”

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသားတပ်မတော် (TNLA) နဲ့ ကိုးကန့်အ ဖွဲ့ (MNDAA)တို့ဟာ ၁၀၂၇ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး ကြေညာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ စစ်ကောင်စီတပ်ကို တပြိုင်နက်တည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီစစ်ဆင်ရေးစတင်ကြေညာတဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၄ ရက်အတွင်း စစ် ကောင်စီတပ်စခန်း ၇၀ နီးပါး သိမ်းပိုက်နိုင်ခဲ့သလို မြို့တချို့ကိုလည်း ထိန်းချုပ်လာနိုင်ပြီလို့ ညီနောင်မဟာ မိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။ ဒီစစ်ဆင်ရေးကြောင့် စစ်ကောင်စီတပ် ပြိုဆင်းလာနိုင်လား၊ တပ်တွင်းရိုက်ခတ်နိုင်တဲ့ အခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးဟာ ဘာကြောင့် စစ်ကောင်စီကို အထိနာနေစေတာလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး CDM လေတပ် ဗိုလ်ကြီး ဇေသူအောင်နဲ့ ဆက်သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံးအနေနဲ့ မြန်မာ့သမိုင်းတလျှောက်မှာ ၁၀၂၇ စစ်ဆင်ရေးက စစ်ကောင်စီကို အဆိုး ဝါးဆုံး ပြိုလဲနိုင်တဲ့အထိ အထိနာစေတယ်လို့ မြင်လား။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဗိုလ်ကြီးဇေသူအောင် – ၁၀၂၇ စစ်ဆင်ရေးကဆိုရင် စစ်ကောင်စီအတွက် ပြိုလဲသွားတဲ့ အခြေအနေထိ ဖြစ် သွားနိုင်တယ်။ ပထမအချက်အနေနဲ့ အင်အားအရလည်း အဲဒီဒေသကိုပို့နိုင်ဖို့ ထုတ်နုတ်အင်အားတွေ အများ ကြီး သုံးရမယ်။ ထုတ်နုတ်ထားတဲ့ အင်အားတွေအကုန်လုံးကလည်း လက်ရှိအချိန်မှာနားနေတဲ့ တပ်တွေမဟုတ် ဘူး။ လက်ရှိသူတို့နယ်မြေမှာ တိုက်နေတဲ့တပ်တွေဖြစ်တယ်။ သူတို့တွေရဲ့ ပင်ပန်းမှုဒဏ်၊ စိတ်ပျက်မှုဒဏ် အ များကြီးကို ခံစားရတယ်။ စစ်တပ်ထဲမှာ တိုင်းရင်းသားတွေအကုန်လုံးသာ တိုက်ကြမယ်ဆိုရင် စစ်တပ်က ထိန်း နိုင်ဖို့ ခက်တယ်ဆိုတာ စစ်သားတိုင်းသိပါတယ်။ သူတို့စိတ်ထဲမှာ တိုင်းရင်းသားတွေ အားလုံးပါဝင်လာပြီဆိုတဲ့ ခံစားချက်လည်း ရောက်ရှိသွားမှာဖြစ်ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း ဒီတိုက်ပွဲမှာမသေရင် ဟိုဘက် တိုက်ပွဲမှာ သေမယ်။ ဟိုဘက်တိုက်ပွဲမှာ မသေရင် နောက်ထပ်တိုက်ပွဲတစ်ခုက စောင့်ကြိုနေတယ်ဆိုတဲ့ ဖြစ် စဉ်မျိုး သူတို့စိတ်ထဲမှာ ရှိလိမ့်မယ်ထင်တယ်။ စိတ်ဓာတ်ပိုင်းအရရော၊ အင်အားပိုင်းအရရော အများကြီးကျသွား လိမ့်မယ်။ စစ်ကောင်စီတပ်အနေနဲ့ ပြိုလဲသွားနိုင်တဲ့အခြေအနေ အထိ ဖြစ်နိုင်ပါတယ်။

သံလွင်တိုင်းမ် – ဒီတိုက်ပွဲရဲ့ ဂယက်ကြောင့် တပ်တွင်းမှာလည်း ဘယ်လောက်ထိ ရိုက်ခတ်မှု ရှိလာနိုင်မလဲ။ စစ်ကောင်စီကို အယုံကြည်မဲ့လာတာ စခန်းစွန့်ခွာ ထွက်ပြေးတာတွေရော ရှိလာနိုင်မလား။

ဗိုလ်မှူး ဇေသူအောင် – အကြီးအကျယ်ဂယက်ထနေမှာတော့ အသေအချာပဲ။ စစ်ကောင်စီရဲ့ တပ်အတွင်းမှာ တော့။ နဂိုတည်းက စစ်ကောင်စီကို အယုံအကြည်မရှိဘူး။ အဖွဲ့အစည်းစွဲ၊ ဘာသာရေးမှိုင်းတွေကြောင့်မို့သာ စစ်ကောင်စီတပ်က အခုချိန်ထိရပ်တည်နေတာ။ အခုတိုက်ပွဲတွေကလည်း နေရာအနှံ့ မှာ တိုက်လာတယ်။ အခုလက်ရှိ ရက္ခိုင်တပ်တော် အေအေဆိုရင်လည်း ရှမ်းမြောက်မှာတိုက်တယ်။ သူရဲ့ဒေသထဲမှာ မတိုက်သေး ဘူး။ အကယ်၍ သူ့ရဲ့ဒေသထဲမှာ တိုက်မယ်ဆိုလည်း ထပ်ပြီးစစ်နယ်မြေက ကျယ်လာမယ်။ စစ်ကောင်စီတပ် တွေ အကုန်လုံးက လက်ရှိအချိန်မှာ အကုန်လုံးပြန့်ထွက်သွားပြီ။ နဂိုတည်းက သူ့တပ်တွေမှာက စစ်သည်တွေ အနေနဲ့က နားချိန်မရှိလောက်အောင် ပင်ပန်းမှုဒဏ်၊ ရှေ့တန်းစစ်မြေပြင်တွေ၊ ဒါတွေနဲ့ပဲ အလုပ်ရှုပ်နေတဲ့ အ ချိန်မှာ အခုထပ်ပြီးဖြစ်တော့ စစ်ကောင်စီလူကြီးတွေရဲ့ ပြဿနာတွေအပေါ်မှာ ဖြေရှင်းနိုင်စွမ်းတွေကို စိတ်ပျက်  လလိမ့်မယ်လို့ ကျွန်တော်တို့ ယူဆတယ်။

အခုချိန်ထိလည်း သူတို့အာဏာသိမ်းမှုသာ မလုပ်ဘူးဆိုရင် ဘာမှ ပြဿနာတွေ ဖြစ်လာစရာအကြောင်းမရှိဘူး။ အခုချိန် အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်လာတဲ့ ပြဿနာတွေ က အများကြီးပဲ တပ်ကနေ ဖြေရှင်းရတာ။ အောက်ခြေစစ်သည်နဲ့ အရာရှိငယ်တွေပဲ စတေးခံရတာ။ ၃နှစ်လည်း ပြည့်တော့မယ်။ ဒီထက်လည်း ပိုကြာဖို့ရှိတဲ့အချိန်မှာ တပ်ကလူတွေအနေနဲ့ တိုက်ပွဲပေါင်းများစွာ ရှေ့မှာကြိုနေတယ်။ အခုချိန်မသေရင် နောင်အခါသေမယ်ဆိုတဲ့ အယူအဆမျိုး တပ်ထဲမှာ ရှိလာနိုင်တယ်။ အများကြီးပွဲ သွားလိမ့်မယ်။ လူကြီးတွေအပေါ်မှာလည်း မကျေနပ်မှုတွေ အများကြီး ဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

သံလွင်တိုင်းမ် – စစ်ကောင်စီကရော ရှမ်းမြောက်မှာ အတိုက်ခံရမယ်ဆိုတဲ့ ကြိုတင်သတင်းရထားပါရက်နဲ့ အခုလို အလစ်ငိုက်တိုက်ခံရပြီး ဆက်တိုက်စခန်းတွေ အသိမ်းခံရတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဗိုလ်ကြီးဇေသူအောင် – အဓိကအချက်က စစ်ကောင်စီရဲ့ တပ်စခန်းတွေက အင်အားမရှိဘူး။ သူတို့ဘယ် လောက်ပဲခံပစ်ပါစေ၊ နောက်ကနေ စစ်ကူလာနိုင်စရာနေရာမရှိဘူး။ စစ်ကူလာနိုင်တဲ့နေရာတွေကိုလည်း လက်ရှိအချိန်မှာ ဝင်တိုက်တာ။ အဲဒီလိုအချိန်လည်းရောက်ရော ဒီတပ်ကထွက်ပြေးရင်ပြေး၊ မပြေးရင်သေမယ်။ အ ကုန်လုံးက ထွက်ပြေးကြတယ်။ မပြေးနိုင်သူက ကျဆုံးကြတယ်။ ကြိုတင်သတင်းရလည်း အင်အားကမရှိရင် ဘာမှလုပ်လို့မရဘူး။ ဒီလိုမျိုး နယ်မြေအကုန်လုံးတိုက်မယ်လို့လည်း သူတို့်ယူဆထားတာမဟုတ်ဘူး။ လားရှိုးလို တိုင်းစစ်ဌာနချုပ်ရှိတဲ့ နေရာမျိုးကနေ အင်အားတွေစုထားလေ့ရှိတယ်။ အဲလိုနေရာမျိုးကိုပါ ဝင်တိုက်သွားတာ။ သူတို့စစ်ကောင်စီစခန်းတွေကို စစ်ကူပေးဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ရှေ့တန်းစခန်းတွေကလည်း အဲဒါကြောင့် ထွက်ပြေးနေကြတယ်။ နောက်ပြီးကျဆုံးသွားတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရလည်း နောက်က စစ်ကူ မလာနိုင်ဘူးဆိုတဲ့ ယူဆချက်ရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျနေတဲ့အချက်ရော။ ဒါတွေအကုန်လုံးကြောင့်မို့ ကျဆုံးသွားတယ်လို့ မြင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.