FILE PHOTO: Supporters of Bangladesh Nationalist Party (BNP) gather at Naya Paltan area to hold a rally in Dhaka, Bangladesh, October 28, 2023. REUTERS/Mohammad Ponir Hossain/File Photo

ဒါကာ၊ နိုဝင်ဘာ ၂

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြုတ်ကျရေး ဆန္ဒထုတ်ဖော်ခဲ့တဲ့ ၃ ရက်တာအတွင်း ရဲတပ်ဖွဲ့နဲ့ စုဝေးသူတွေကြား ဖြစ်ပေါ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အတိုက်အခံပါတီ ထောက်ခံသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကို တုံ့ပြန်ဖို့ လမ်းတွေကို သုံးရက်တာ ပိတ်ဆို့ဖို့ လုပ်ဆောင်ခဲ့ရာကနေ အောက်တိုဘာ ၃၁ ရက်နေ့က ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး လူပေါင်း ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဒီဆန္ဒပြမှုဟာ အတိုက်အခံတွေဘက်က ဝန်ကြီးချုပ်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုထားပြီး အိမ်စောင့်အစိုးရအောက်မှာ လာမယ့်ဇန်နဝါရီအတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်ပေမယ့် အာဏာရအစိုးရကတော့ တောင်းဆိုချက်တွေကို ပယ်ချထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ပွားနေတဲ့ ရုန်းရင်းဆန်ခတ်မှုတွေမှာ ဆန္ဒပြသူနှစ်ဦး သေဆုံးပြီး ရဲတပ် ဖွဲ့ဝင် ၁၅ ဦးအပါအဝင် လူဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ရဲအရာရှိတစ်ဦး က ဆိုပါတယ်။

အတိုက်အခံ BNP ပါတီခေါင်းဆောင်တစ်ဦးကတော့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေကို ရှုတ်ချထားပြီး အစိုးရအနေနဲ့ တောင်းဆိုချက်အတိုင်း လုပ်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။

ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မြို့တော်ဒါကာမှာ ဘတ်စ်ကားတွေကို မီးရှို့ ဖျက်ဆီးထားပြီး လမ်းဆုံလမ်းခွတွေမှာ အဓိကရုဏ်နှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကို နေရာချထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က အာဏာရထားတဲ့ ဟာဆီနာဟာ နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ခဲ့ပေမယ့် လွတ်လပ်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေကို ဖြိုခွင်းတာနဲ့ ဝေဖန်ရေး သမားတွေကို ဖမ်းဆီးထောင်ချတာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်လေ့ရှိတယ် လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါပေမယ့် အဲဒီစွပ်စွဲမှုတွေကို အစိုးရက ငြင်းဆိုထားသလို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို အနောက်နိုင်ငံတွေရဲ့ ဖိအားအောက်မှာ ကျင်းပရမှာဖြစ်ပါတယ်။

အမေရိကန်အစိုးရတော့ ဒီမိုကရေစီလုပ်ငန်းစဉ်ကို ပျက်ပြားအောင်လုပ်မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ဗီဇာ ကန့်သတ်သွားမယ်လို့ ဆိုထားပါတယ်။

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.