Palestinians search for casualties at the site of Israeli strikes on houses in Jabalia refugee camp in the northern Gaza Strip, October 31, 2023. REUTERS/Anas al-Shareef

ဂျေရုဆလင်၊ နိုဝင်ဘာ ၂
ဂါဇာကမ်းမြောင်ဒေသရှိ လူနေထူထပ်တဲ့ ဂျာဘာလီယာ ဒုက္ခသည်စခန်း လေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမတ်စ်ကွန်မန်ဒါ တစ်ဦးဖြစ်တဲ့ အီဘရာဟင်ဘိုင်ရာရီ အပါအဝင် လူပေါင်း ၅၀ ဦးသေဆုံးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)က သတင်းထုတ်ပြန်ပါတယ်။ 


သေဆုံးခဲ့တဲ့ ဟားမတ်စ်ကွန်မန်ဒါ အီဘရာဟင်ဘိုင်ရာရီဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးတို့ အထိနာခဲ့တဲ့ တိုက်ခိုက်မှုကို စီစဉ်သူတစ်ဦးလို့ စွပ်စွဲခံထားရတဲ့သူလည်း ဖြစ်ပါတယ်။


အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အနည်းဆုံး ၅၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးအရာရှိတွေက အတည်ပြုထားပြီး ဟားမတ်စ်အဖွဲ့ကတော့ သူတို့ရဲ့ကွန်မန်ဒါ သတ်ဖြတ်ခံရမှုကို ငြင်းဆိုထားပါတယ်။


အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး ဂျိုနသန်ကွန်ရီကပ်ကတော့ သေဆုံးသွားတဲ့သူတွေဟာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေသာ ဖြစ်ပြီး တိုက်ခိုက်မှုအတွင်း မြေအောက်လှိုဏ်ခေါင်း ပြိုကျချိန်မှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။


ဒါ့အပြင် ဒုက္ခသည်စခန်းအဖြစ် သတ်မှတ်ထားတဲ့ ဂျာဘာလီယာကို ဟားမတ်စ်အဖွဲ့က ဌာနချုပ်တပ်ရင်းအဖြစ် အသုံးပြုနေတယ်လို့ စွပ်စွဲထားသလို နေရာတချို့ကိုလည်း မြေပြင်တပ်ဖွဲ့တွေ့ ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။ 

အဲဒီစစ်ဆင်ရေးအတွင်း ဂျာဘာလီယာရှိ ဟားမတ်စ်တို့ရဲ့ အမာခံစခန်းတစ်ခုကို သိမ်းပိုက်ဖို့ ကြိုးပမ်းစဉ် သူတို့ရဲ့ တပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုပါတယ်။ 


တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အရပ်သားတွေဖြစ်ကြောင်း ဟားမတ်စ်ရဲ့ပြောဆိုချက်တွေကိုလည်း အစ္စရေးဘက်မှ ငြင်းဆိုခဲ့ပြီး စီးနင်းမှုမပြုမီကတည်းက အဲဒီဒေသမှာ နေထိုင်သူတွေကို ဘေးကင်းဖို့အတွက် တောင်ဘက်သို့ ရွှေ့ပြောင်းဖို့ ခေါ်ဆိုထားပြီးဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။


Ref,The Week Magazine

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.